Monday, December 5, 2016
အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် မြန်မာ ၀ – ၂ ထိုင်း (ရုပ်သံဟိုက်လိုက်)
အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်မှာ မြန်မာ အသင်း အနေနဲ့ ထိုင်းကို ၂ ဂိုးပြတ် ရှုံးခဲ့ပေမယ့် ဒုတိယ အကျော့ အတွက် အကောင်းဆုံး ပြင်ဆင်ပြီး လက်ကျန် အခွင့်အရေး အတွက် ကြိုးစား ကစားမယ်လို့ မြန်မာ နည်းပြ ဂတ်ဇီဆီက ပွဲအပြီးမှာ ပြောပါတယ်။
မနေ့ကပွဲစဉ်မှာ မြန်မာ အသင်းဟာ မလေးရှားကို အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်း ပွဲထွက် ကစားခဲ့ပေမယ့် ထိုင်းအသင်း ကွင်းလယ်ကို မယှဉ်နိုင်ခဲ့ဘဲ တန်ပြန် တိုက်စစ်နဲ့ပဲ ကစားခဲ့ ရပါတယ်။
ဒါ့အပြင် ခံစစ်ပိုင်း ကလည်း ထိုင်းတိုက်စစ်မှူးတွေကို ထိန်းနိုင်စွမ်း မရှိခဲ့တာကြောင့် ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့် ခဲ့တာပါ။
မြန်မာဘက်က တန်ပြန်တိုက်စစ်ကနေ အပိုင်အခွင့်အရေးတချို့ရပေမယ့် အောင်သူ အသုံးမချနိုင်ခဲ့ပါဘူး။
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းဘက်ကို ကန်သွင်းခွင့် ၈ ကြိမ်အထိရခဲ့ပြီး ထိုင်းအသင်းက ၁၄ ကြိမ်အထိ ကန်သွင်းခွင့်ရခဲ့ပါတယ်။
ထိုင်းအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး တီယာဆေးလ်ဒန်ဒါကပဲ ပထမပိုင်း ပွဲချိန် ၂၃ မိနစ်မှာ ၁ ဂိုး၊ ဒုတိယပိုင်းပွဲချိန် ၅၅ မိနစ်မှာ ၁ ဂိုး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနည်းပြ ကိုင်တီဆတ်ကတော့ မြန်မာအသင်းဟာ ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး အလားအလာကောင်းတွေရှိတဲ့အသင်းဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး ဒုတိယ အကျော့မှာလည်း အကောင်းဆုံးယှဉ်ပြိုင်ကစားမယ်လို့ ပြောပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၈ ရက်မှာ ထိုင်းအသင်းနဲ့ ဒုတိယအကျော့ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178556
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment