Sunday, January 1, 2017
ချဲလ်ဆီးက စတုတ်ကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
ဒီဇင်ဘာ ၃၁ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ မှာ ချဲလ်ဆီးက စတုတ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင် ယူပြီး အာဆင်နယ် အသင်း တင်ထားတဲ့ တရာသီ အတွင်း ၁၃ ပွဲ ဆက်တိုက်နိုင်တဲ့ စံချိန်ကို အမှီလိုက်နိုင် ခဲ့ပါတယ်။
ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ၃၄ မိနစ်မှာ ဂယ်ရီဟာလေးက သွင်းယူပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲစပြီး ၄၆ မိနစ်မှာ မာတင်စ် အင်ဒီက စတုတ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် ၅၇ မိနစ်မှာ ဝီလီယံက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။
စတုတ်အတွက် ဒုတိယချေပဂိုးကို ၆၄ မိနစ်မှာ ပီတာခရော့ခ်ျက သွင်းယူပေးခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုမှာရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပါတယ်။
ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ၆၅ မိနစ်မှာ ဝီလီယံနဲ့ ၈၅ မိနစ်မှာ ဒီယေဂို ကော်စတာတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအတွက် အပိတ်ဂိုးသွင်းယူပေးခဲ့တဲ့ ဒီယေဂိုကော်စတာ ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒီပွဲအပြီးမှာတော့ ချဲလ်ဆီးက ၄၉ မှတ်နဲ့ ဒုတိယနေရာက လီဗာပူးကို ၆ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်ထားနိုင်ပါတယ်။
စတုတ်ကတော့ ၂၁ မှတ်နဲ့ အဆင့် ၁၄ မှာ ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182164
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment