မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 15, 2017

မြန်မာ့စပါးအုံး အကောင်းဆုံး အရှုံးသမားလား




မြန်မာ့ စပါးအုံးလို့ နာမည် ကျော်တဲ့ ကချင် တိုင်းရင်းသား အောင်လ အင်ဆန်း Aung La N Sang နဲ့ လက်ရှိ ချန်ပီယံ ရုရှား လူမျိုး ဗစ်တလီ ဘစ်ဒက်ရှ် Vitaly Bigdash တို့ ONE Middleweight World Championship နံပါတ်တစ် ကမ္ဘာ့ မစ်ဒယ် ဝိတ်တန်း ချန်ပီယံဆု အတွက် မနေ့ညက ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြရာမှာ ဘစ်ဂ်ဒက်ရှက် အနိုင်ရ သွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အဲဒီလက်ဝှေ့ပြိုင်ပွဲမှာအောင်လအင်ဆန်းဟာ သူ့ရဲ့ တံတောင်၊ ဒူးနဲ့ လက်သီးတွေကို အကောင်းဆုံးအသုံးပြုပြီး ထိုးနှက်ခဲ့ပါတယ်။

ဒုတိယ အချီမှာ အောင်လ အင်ဆန်းရဲ့ တံတောင်တွေ ရုရှား ချံပီယံရဲ့ မျက်နှာကို ဆက်တိုက် ဝင်သွား ခဲ့ရာမှာ မျက်လုံးကို တံတောင်ပြင်းပြင်း တစ်ချက် ထိပြီး ဖူးယောင် သွားခဲ့ ပါသေးတယ်။

ဒါပေမဲ့ သူ့ထက် လက်သီး ပိုပြင်းတဲ့ ဘစ်ဂ်ဒက်ရှ်က တတိယ အချီက စတင်ကာ အသာစီးနဲ့ ထိုးနှက် သွားခဲ့ပြီး ပဉ္စမ အချီမှာ အောင်လအင်ဆန်းက တစ်ချက်တည်းနဲ့ ပွဲသိမ်းဖို့တောင် ကြိုးစား ခဲ့ပေမယ့် အခြေ အနေ မပေး ခဲ့ပါဘူး။

နောက်ဆုံးမှာ အကဲဖြတ် ဒိုင်လူကြီးအားလုံးရဲ့ ဆုံဖြတ်ချက်အရ ဗစ်တလီ ဘစ်ဒက်ရှ် Vitaly Bigdash က ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်း သွားနိုင်ခဲ့ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

No comments:

Post a Comment