
ပရီးမီးယားလိဂ် ကလပ် တော့တင့်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြ ပိုချက် တီနိုက နောက်တန်း ကစားသမား ဗာတွန်ဂန်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
အသက် ၂၉ နှစ် အရွယ် နောက်တန်းလူ ဗာတွန်ဂန်ဟာ ဝက်စ်ဘရွန်း အသင်းကို အနိုင်ရတဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာပါ။
စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ သူ့ရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမှာဖြစ်ပြီး ဒဏ်ရာကနေ မြန်မြန်သက်သာလာဖို့ လိုတယ်လို့ ပြောပါတယ်။
နောက်တန်းကစားသမား ဗာတွန်ဂန်ဟာ ကစားပြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲမှာ ပွဲ ၂၀ ကစားခွင့်ရထားပါတယ်။
လောလောဆယ် စပါးအသင်းဟာ ၄၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/184258





No comments:
Post a Comment