မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 5, 2017

ဝက်စ်ဟမ်း ကွင်းလယ်လူ ဖက်ဟူလီ၏ အနီကတ်ကို အက်ဖ်အေ ပယ်ဖျက်ပေး




ဇန်နဝါရီ ၅၊ လန်ဒန်။ ။ တနင်္လာနေ့တွင် မန်ယူအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်၌ ပြသ ခံခဲ့ရသော ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဖက်ဟူလီ၏ အနီကတ် ပြစ်ဒဏ်ကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ပြန်လည် ပယ်ဖျက် ပေးခဲ့သည်။

ဝက်စ်ဟမ်းအသင်းက ၀-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် အဆိုပါပွဲ ပွဲချိန် ၁၅ မိနစ်တွင် ဖက်ဟူလီသည် မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ် နှင့် ဘောလုံးယှဉ်လုခဲ့ရာတွင် ကွင်းလယ်ဒိုင်မိုက်ဒိန်း၏ အနီကတ်ပြထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။

ဝက်စ်ဟမ်းနည်းပြ ဘီလစ်က အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားမှာ ဖီးလ်ဂျုံး၏ လိုသည်ထက်ပိုသော သရုပ်ဆောင် ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

“အနီကတ် မဟုတ်ပါဘူး။ ဖက်ဟူလီရဲ့ခြေထောက်က လေထဲမြောက်ခဲ့တာလည်း မဟုတ်ပါဘူး။ လေးနက်တဲ့ ဆုံးဖြတ်ချက် လည်းမဟုတ်ခဲ့ဘူး”ဟု ဘီလစ်က ပြောသည်။

ယခုအခါ အနီကတ်ပြစ်ဒဏ်ပယ်ဖျက်ခံခဲ့ရသောကြောင့် ဖက်ဟူလီသည် သောကြာနေ့တွင် မန်စီးတီးနှင့်ကစားရမည့် အက်ဖ်အေ ဖလားပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်သည်။

Ref; BBC

From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21953


No comments:

Post a Comment