မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, January 2, 2017

ချယ်လ်ဆီးမှ ဒီယေဂိုကော်စတာမှာ ၂၀၁၆ ပရီးမီးယားလိဂ်၏ စွမ်းဆောင်ရည် အကောင်းဆုံး တိုက်စစ်မှူး မှတ်တမ်းဝင်




ဇန်န၀ါရီ ၂ ။ ။ ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာမှာ ၂၀၁၆ ခုနှစ်တွင် ပရီး မီးယားလိဂ်၏ စွမ်းဆောင်ရည် အကောင်းဆုံး တိုက်စစ်မှူး အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

ကော်စတာသည် ၂၀၁၆ ခု နှစ်တွင် ချယ်လ်ဆီးအသင်းအတွက် ဂိုးပေါင်း(၃၁)ဂိုးရရှိအောင် ပါဝင်စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ကိုယ်တိုင်(၂၁) ဂိုးသွင်းယူနိုင်ခဲ့ပြီး (၁၀) ဂိုးဖန်တီးပေး ခဲ့ခြင်း ဖြစ်သည်။

ကော်စတာ၏သွင်းဂိုးနှင့်ဖန်တီး မှုအများစုမှာ ယခုနှစ်ရာသီတွင် စွမ်း ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ချယ်လ် ဆီးအသင်းမှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)ပွဲအပြီး (၁၃) ပွဲဆက်တိုက် အနိုင်ရရှိကာ အဆင့် (၁)နေရာ၌ ရပ်တည်လျက်ရှိသည်။

ထို(၁၉)ပွဲ၌ ကော်စတာမှာ (၁၈)ပွဲပါ ဝင်ကစားပေးခဲ့ပြီး (၁၄)ဂိုးသွင်းယူခဲ့ ကာ (၅)ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ထို့ ကြောင့် ကော်စတာသည် မန်စီးတီး တိုက်စစ်မှူးအဂွီရိုနှင့် အာဆင်နယ် တိုက်စစ်ကစားသမားအလက်ဆစ်ဆန်းချက်ဇ်တို့ကို ဖြတ်ကျော်ကာ ပရီးမီးယား လိဂ်၏စွမ်းဆောင်ရည်အကောင်းဆုံး တိုက်စစ်မှူးအဖြစ် မှတ်တမ်းရေးထိုးနိုင် ခဲ့သည်။

အဂွီရိုနှင့် ဆန်းချက်ဇ်တို့မှာ၎င်းတို့၏အသင်းများအတွက် (၂၈)ဂိုးရရှိ အောင် ပါဝင်ကူညီ စွမ်းဆောင်ပေးခဲ့ သည်။

လီဗာပူးလ်ကွင်းလယ်ကစားသမား ဟန်ဒါဆင်မှာမူ ပရီးမီးယားလိဂ်တွင် ဘောလုံးပေးပို့မှုအကောင်းဆုံးကွင်းလယ် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဟန်ဒါဆင်သည် ဘောလုံးပေးပို့မှုအ ကြိမ်ပေါင်း(၁၉၀၈)ကြိမ်ကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။ ဟန်ဒါဆင်၏ နောက်တွင် ချယ်လ်ဆီးနောက်ခံလူ အက်ဇ်ပီလီကျူတာနှင့် အာဆင်နယ်
ကွင်းလယ်လူအိုဇေးလ်တို့ ရပ်တည်ခဲ့ကြသည်။ ၎င်းင်းတို့နှစ်ဦးမှာ (၁၈၇၈) ကြိမ် ဘော်လုံးပေးပို့နိုင်ခဲ့ကြသည်။

ပရီးမီးယားလိဂ်တွင် ဂိုးပေါက် ကန်သွင်းရာ၌ ဂိုးတိုင်အများဆုံးထိခဲ့သည့် ကစားသမားများမှာ စပါးကစားသမားများဖြစ်သည့် ဟယ်ရီကိန်းနှင့် အဲရစ်ဆင်တို့ဖြစ်သည်။ ဟယ်ရီကိန်း မှာ ၂၀၁၆ ခုနှစ်တွင် တိုင်(၇)ကြိမ် ထိခဲ့ပြီး အဲရစ်ဆင်မှာ (၆)ကြိမ် ထိခဲ့သည်။

From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21839

No comments:

Post a Comment