
ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ် ပဲလေ့စ်က ဆန်းဒါးလန်း အသင်း နောက်တန်း ကစားသမား ပက်ထရစ် ဗန်အန်ဟောကို လက်မှတ် ရေးထိုး ခေါ်ယူ လိုက်ပါတယ်။
အသက် ၂၆ နှစ် အရွယ် နောက်တန်း ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းလောက် ရှိလိမ့် မယ်လို့ ခန့်မှန်း ထားပြီး ၄ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူ လိုက်တာပါ။
နယ်သာလန် လက်ရွေးစင် ဗန်အန်ဟောဟာ ဆန်းဒါးလန်း အတွက် ပွဲပေါင်း ၉၅ ပွဲ ကစားပေး ထားပါတယ်။
ပဲလေ့စ် နည်းပြ ဆမ်အလာ ဒိုက်စ်ကတော့ သူ့အသင်း နောက်တန်းမှာ ဂိုးတွေ ပေးနေ ရတာကို ကာကွယ်ဖို့ အတွက် ခေါ်လိုက် တာလို့ ပြောပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လောလောဆယ် တန်းဆင်းဇုန်ထဲက အမှတ်ပေးဇယားရဲ့ အဆင့် ၁၈ မှာ ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186869





No comments:
Post a Comment