Thursday, January 5, 2017
ရီယဲလ်မက်ဒရစ် နည်းပြ တစ်နှစ်ပြည့် ပွဲစဉ်ကို အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့သည့် ဇီဒန်း
မက်ဒရစ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
ရီယဲလ် မက်ဒရစ် အသင်းနည်းပြ ဇနက်တီ ဇီဒန်းသည် ၄င်း၏ အသင်းနည်းပြ အဖြစ် တစ်နှစ်ပြည့် ပွဲစဉ် အဖြစ် ဇန်နဝါရီလ ၄ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့သော ၁၆ ကြိမ်မြောက် စပိန် ဘုရင့် ဖလားပွဲစဉ် တစ်ခုတွင် အိမ်ကွင်း၌ ဆီဗီလာ အသင်းအား ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင် ရလဒ်ကို စွမ်းဆာင်ပေး ခဲ့ကြောင်း သိရသည်။
၎င်းပွဲစဉ်၌ ရီယဲလ်အသင်းတွင် ဒဏ်ရာပြဿနာဖြင့် ကြုံတွေ့ နေရသော ဂါရက်ဘေးလ် ပါဝင်ကစားခြင်း မရှိသလို ထိပ်တန်းတိုက်စစ်မှူးနှစ်ဦးဖြစ်သော ရော်နယ်ဒို နှင့် ဘန်ဇီမာ တို့ ကိုလည်း အနားပေးထားခဲ့ကြောင်း သိရသည်။
သို့ သော် ၄င်းပွဲစဉ်တွင် ရီယဲလ်ကစားသမား Dani Carvajal က ဆီဗီလား ကစားသမား Victor Iborra အား ပင်နယ်တီဧရိယာအတွင်း ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ခြင်းကို ပင်နယ်တီပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခြင်းမရှိခဲ့သည့် ကွင်းလယ်ဒိုင် Mateu Lahoz ၏ စွမ်းဆောင်ရည်အပေါ် ဆီဗီလားအသင်းက စောဒကတက်ခဲ့သည်။
ရီယဲလ်မက်ဒရစ်အသင်းသည် ပထမပိုင်း ၄၅ မိနစ်တွင် ၄င်းတို့ ၏အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်တွင် James Rodriguez က ရီယဲလ်အတွက် အဖွင့်ဂိုးသွင်းယူ
ပေးခဲ့သည်။
Rodriguez သည် ပြီးခဲ့သော ရက်သတ္တပတ်များက ၄င်း၏ စွမ်းဆောင်ရည်ကျဆင်းနေခြင်းအပေါ် ရုန်းကန်နေရသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် Rafael Varena က ပြင်းထန်သော ခေါင်းတိုက်ချက်ဖြင့် အနိုင်ဂိုးတစ်ဂိုး နှင့် James က ပင်နယ်တီစည်းထိပ်မှ အပြင်းကန်သွင်းချက်ဖြင့် တတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
အဆိုပါနေ့ အစောပိုင်းက Alcorcon နှင့် Cordoba တို့ ယှဉ်ပြိုင်ကစားသော စပိန်ဘုရင့်ဖလား ပွဲစဉ်တစ်ခုတွင် ဂိုးမရှိသရေပွဲဖြင့် အဆုံးသတ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ရီယဲလ်ဆိုစီဒက်က ဗီလာရီယဲလ်အား ၃ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၊ ဗီလာရီယဲလ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားသော ပွဲစဉ်တွင် ဗီလာရီယဲလ်က ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်ရှိနေကြောင်း သိရသည်။
From : ရှင်းဝှာ-မြန်မာ
Originally published at - http://xinhuamyanmar.com/world/europe/8392-2017-01-05-03-52-24.html
Labels:
နည်းပြများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment