
မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက ၀က်ဖို့ဒ် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
မန်ယူ အသင်းဟာ ဒီပွဲနိုင်လို့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၁၆ ပွဲမှာ ရှုံးပွဲ မရှိသေး ပါဘူး။ မန်ယူ အတွက် ဦးဆောင်ဂိုးကို ၃၂ မိနစ်မှာ ကွင်းလယ် သမား မာတာက သွင်းယူ ပါတယ်။
ဒီပွဲမှာ အသင်း ခေါင်းaဆာင် ရွန်နီ မပါပေ မယ့်လည်း မန်ယူက အဓိက ကစားသမား တွေနဲ့ လူစုံထုတ် ယှဉ်ပြိုင် သွားပါတယ်။
ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင် သလို ထိုးဖောက် ကန်သွင်းခွင့် ၂၃ ကြိမ် အထိ ရခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နဲ့ ကွင်းလယ်သမား ပေါဘာတို့ရဲ့ ကန်ချက်တွေကို ၀က်ဖို့ဒ် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒုတိယဂိုးကို တိုက်စစ်မှူး မာရှယ်က သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူ တိုက်စစ်မှူး မာရှယ် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခြင်း ခံရပါတယ်။
နိုင်ပွဲရတဲ့ မန်ယူဟာ ၄၈ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး ၀က်ဖို့ဒ်ကတော့ အမှတ် ၃၀ နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188838

No comments:
Post a Comment