
မတ် ၁၂ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက နောက်ကနေ လိုက်ကစား ပြီးမှ ဘန်လေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဘန်လေ အတွက် ဦးဆောင် ဂိုးကို ပွဲအစ ၇ မိနစ်မှာပဲ ဘာနက်စ်က သွင်းယူပြီး လီဗာပူး အသင်း အတွက် ချေပ ဂိုးကို ပထမပိုင်း ပြီးကာနီးမှာ ဝီနယ်ဒန်က သွင်းယူပါတယ်။
ဒီပွဲမှာ လီဗာပူးက ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့်လည်း ဘန်လေက အပြန်အလှန် ထိုးဖောက် ကစားနိုင် ခဲ့ပါတယ်။
လီဗာပူးအတွက် ဒုတိယဂိုးကို ၆၁ မိနစ်မှာ အမ်မရီကန်က သွင်းယူပါတယ်။
ဘန်လေအသင်းရဲ့ ခပ်မာမာ တုံ့ပြန်ကစားပုံကြောင့် ဒီပွဲမှာ လီဗာပူးအသင်း စိတ်တိုင်းကျ မကစားနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဘန်လေကစားသမား ဘာနက်စ် ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ လီဗာပူးက ၅၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ဘန်လေက ၃၁ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/194536





No comments:
Post a Comment