Monday, March 13, 2017
အင်ဒီယန်းဝဲလ်စ် တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ် ၁ အင်ဒီမာရေး ရှုံးပြီး ပြိုင်ပွဲမှထွက်
အမေရိကန် နိုင်ငံမှာ ယှဉ်ပြိုင် သွားတဲ့ အင်ဒီယန်းဝဲလ်စ် (Indian Wells) တင်းနစ် ပြိုင်ပွဲ အမျိုးသား တဦးချင်း ဒုတိယ အဆင့် ပြိုင်ပွဲမှာ ကမ္ဘာ့ နံပါတ် ၁ အင်ဒီမာရေး ရှုံးပြီး ပြိုင်ပွဲ ကနေ စောစော စီးစီး ထွက်သွား ရပါတယ်။
ဗြိတိန်သား မာရေးဟာ လက်ရည်စစ်ပွဲ အောင်မြင်လာတဲ့ ကနေဒါနိုင်ငံက ဗာဆက် ပိုစပီဆယ်ကို ၂ ပွဲပြတ်နဲ့ ရှုံးနိမ့်သွားတာပါ။
ကမ္ဘာ့အဆင့် ၁၂၉ ရှိ ကနေဒါနိုင်ငံသားအတွက်တော့ မာရေးနဲ့ ၅ ကြိမ် ဆုံထားပြီး ပထမဆုံးအကြိမ်အဖြစ် အနိုင်ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ မာရေးအနေနဲ့ ကနေဒါနိုင်ငံသားရဲ့ စပေးဘောနဲ့ အပြန်အလှန် ရိုက်ချက်တွေကို မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။
ဗာဆက် ပိုစပီဆယ်က ပထမပွဲကို ၆-၄၊ ဒုတိယပွဲကို ၇-၅ နဲ့ အနိုင်ယူပြီး အင်ဒီယန်းဝဲလ်စ်ပြိုင်ပွဲမှာ တတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/194536
Labels:
တင်းနစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment