
စပိန်ကလပ် ရီးရဲလ် မက်ဒရစ် အသင်းက မန်ယူ ဂိုးသမား ဒီဂီယာကို လာမယ့် မေလအတွင်း အသင်းပြောင်း၊ မပြောင်း ဆုံးဖြတ်ဖို့ ရာဇသံ ပေးလိုက် ပါတယ်။
ဂိုးသမား ဒီဂီယာ အနေနဲ့ စပိန်မြေကို ပြန်လာပြီး ရီးရဲလ် မက်ဒရစ် အသင်းမှာ ကစားမလား ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းက ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ကာလကြာရှည် ပစ်မှတ်ထားနေပြီး လာမယ့် မေလ ပထမပတ်မှာ အကြောင်းပြန်ဖို့ ရီးရဲလ် တာဝန်ရှိသူတွေက အလိုရှိနေတာပါ။
မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဒီဂီယာကို အသင်းမှာဆက်နေဖို့ ဆန္ဒရှိနေပါတယ်။
အသက် ၂၆ နှစ်အရွယ် ဂိုးသမား ဒီဂီယာရဲ့ မန်ယူအသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ဗြိတိသျှ မီဒီယာတွေမှာတော့ ရီးရဲလ်အသင်းဟာ ဒီဂီယာကို မရရင် ချဲလ်ဆီး ဂိုးသမား ကော့တွိုက်စ်ဘက်ကို မြားဦးလှည့်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဓာတ်ပုံ - Getty
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/194536

No comments:
Post a Comment