
မန်ယူ အသင်းက ကွင်းလယ် ကစားသမား ဂျုအန် မာတာကို စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်း ထားဖို့ ရှိနေ တယ်လို့ ဗြိတိသျှ မီဒီယာ ဖြစ်တဲ့ မေရာသတင်းမှာ ဖော်ပြ ထားပါတယ်။
အသက် ၂၈ နှစ် အရွယ် ကွင်းလယ်လူ မာတာရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ဒီနှစ်ရာသီ အဆုံး ကုန်ဆုံးမှာ ဖြစ်ပါတယ်။
စပိန် ကွင်းလယ် ကစားသမား မာတာဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနေ သလို မန်ယူ အတွက် ၉ ဂိုး သွင်းပေး ထားပါတယ်။
မာတာဟာ ချဲလ်ဆီးမှာလည်း ကစား ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ မန်ယူကို ရောက်ရှိ လာတာပါ။ သူဟာ စပိန်အသင်း အတွက် ၄၁ ပွဲမှာ ၁၀ ဂိုး သွင်းယူပေး ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/193048

No comments:
Post a Comment