
ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယ အဆင့် အုပ်စု ဘီ ပွဲစဉ်မှာ ဂျပန်က ထိုင်း အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ အိမ်ရှင် ဂျပန်က ၄-၂-၃-၁၊ ထိုင်းက ၄-၃-၃ ကစား ကွက်နဲ့ ယှဉ်ပြိုင် သွားပြီး ဂျပန်ကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူကာ ခြေစွမ်း အသာနဲ့ ယှဉ်ပြိုင် သွားပါတယ်။
အနိုင်ဂိုးတွေကို ပွဲအစ ၈ မိနစ်မှာ ကွင်းလယ် ကစားသမား ကာဂါဝါ၊ ၁၉ မိနစ်မှာ တိုက်စစ်မှူး အိုကာဇာကီက သွင်းယူပါတယ်။
ဒီပွဲမှာ ထိုင်းအသင်းဟာ ဂျပန်ကို ခြေစွမ်းပိုင်းမှာ မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။ ဂျပန်အတွက် တတိယဂိုးကို ၅၇ မိနစ်မှာ ကူဘို၊ အပိတ်ဂိုးကို ၈၃ မိနစ်မှာ ယိုရှီဒါက သွင်းယူ ပါတယ်။
ဒီပွဲနိုင်တဲ့ ဂျပန်က အုပ်စု ဘီ မှာ ကစားပြီးတဲ့ ၇ ပွဲအတွက် ၁၆ မှတ်နဲ့ ဦးဆောင်နေပြီး ထိုင်းက ၁ မှတ်နဲ့ ဇယားအောက်ဆုံး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/198192

No comments:
Post a Comment