
ချဲလ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီဟာ ဒီနှစ် ရာသီ အကုန်မှာ အသင်း ကနေ ထွက်ခွာ တော့မှာ ဖြစ်ပါတယ်။
တယ်ရီဟာ ချဲလ်ဆီး အသင်းမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ကစားသမား ဘဝကို အဆုံး သတ်တော့မှာပါ။
အသက် ၃၆ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဟောင်း တယ်ရီဟာ ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ ယူရိုပါလိဂ် ဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ် ရယူနိုင် ခဲ့ပါတယ်။
သူဟာ ချဲလ်ဆီး အတွက် ပွဲပေါင်း ၇၁၃ ပွဲ ကစားပေး ခဲ့ရာ ၅၇၈ ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့တာပါ။
တယ်ရီဟာ ချဲလ်ဆီး အသင်းမှာ တတိယမြောက် ပွဲအများဆုံး ကစားခွင့် ရသူလည်း ဖြစ်ပါတယ်။
တယ်ရီဟာ ဒီနှစ်ရာသီထဲ ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက် ကစားခွင့် မရတဲ့ အတွက် အသင်းနဲ့ လမ်းခွဲ လိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/201777





No comments:
Post a Comment