မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 18, 2017

အိမ်ကွင်းတွင် ဂျူဗင်တပ်ကို ပြန်လည် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဘာစီ တိုက်စစ်မှူး နေမာ ပြော




ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့မှာ ဂျူဗင်တပ်ကို ၃ ဂိုးပြတ်နဲ့ အဝေး ကွင်းမှာ ရှုံးထား ပေမယ့် အိမ်ကွင်း ပွဲစဉ်မှာ ပြန်လည် အနိုင် ရလိမ့်မယ်လို့ တိုက်စစ်မှူး နေမာက ယုံကြည် နေပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တုန်းကလည်း ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၆ ဂိုး ၁ ဂိုးနဲ့ ပြန်လည်အနိုင်ရခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူး နေမာက အသင်းအနေနဲ့ အနိုင်ကစားပြနိုင်မယ်လို့ ယုံကြည်ပြီး ဘာစီလိုနာက အမြဲတမ်းလုပ်ပြတတ်တဲ့အသင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီတကြိမ်မှာလည်း အရင်တခါလိုပဲ ကောင်းကောင်းကစားနိုင်ရင် ဖြစ်လာနိုင်ချေ ရှိပါတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနှစ်ရာသီထဲမှာ ပုံမှန်ခြေစွမ်းမျိုးရဖို့ ရုန်းကန်နေရတဲ့အသင်းလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ကို တက်ဖို့အတွက် ရေပန်းစားနေပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201777

No comments:

Post a Comment