
မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးတဲ့ အရှုံး ရလဒ် အတွက် တာဝန် ယူတယ်လို့ ချဲလ်ဆီး နည်းပြ ကွန်တီက ပြောလိုက် ပါတယ်။
ဧပြီ ၁၆ ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးဟာ အဝေး ကွင်းမှာ မန်ယူကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး ဂိုးပေါက် ကန်သွင်း ခွင့်တောင် သေချာ မရဘဲ ရှုံးခဲ့ တာပါ။
ဒီပွဲရှုံးလို့ ချဲလ်ဆီးဟာ အမှတ်ပေး ဇယားမှာ ဒုတိယ aနရာက စပါးအသင်းကို ၄ မှတ်ပဲ ဖြတ်ထားနိုင် ပါတော့တယ်။
ချဲလ်ဆီးနည်းပြ ကွန်တီ ကတော့ အဲဒီပွဲမှာ အသင်း အနေနဲ့ ကောင်းကောင်း မကစားနိုင် ခဲ့ပါဘူး၊ မန်ယူကတော့ အနိုင် ရလဒ်နဲ့ ထိုက်တန် ပါတယ်လို့ ပြောဆို ပါတယ်။
ဒါ့အပြင် မန်ယူ အသင်းက နိုင်လိုစိတ် ပြင်းပြပြီး ရည်မှန်းချက်လည်း ပိုကြီး တာကို ပြသနိုင် ခဲ့တယ်လို့ ဆိုပါတယ်။
လောလောဆယ် ပရီးမီးယားလိဂ်မှာ လက်ကျန်ပွဲစဉ် ၆ ပွဲ ကျန်ရှိနေပါတယ်။
လက်ကျန်ပွဲစဉ်တွေမှာ ချဲလ်ဆီးက တပွဲလောက်ပဲ ပွဲကြပ်ကစားရဖို့ရှိပြီး စပါးအသင်းကတော့ အာဆင်နယ်၊ မန်ယူတို့နဲ့ ဆုံရမှာမို့ ချဲလ်ဆီးထက်ပိုပြီး ပွဲကြပ်တွေကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/201750

No comments:
Post a Comment