
အာဆင်နယ် အသင်း နည်းပြ အာစင်ဝင်းဂါးက အသင်းနဲ့ ၂ နှစ် စာချုပ် သက်တမ်း တိုးဖို့ သဘော တူလိုက် ပါတယ်။
ပြီးခဲ့တဲ့ ရက်တွေ မှာတော့ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာ အာဆင်နယ်မှာ ဆက်ရှိဖို့ မသေချာ တော့ဘူး ဆိုပြီး သတင်းတွေ ထွက်ပေါ် ခဲ့တာပါ။
တိုက်တိုက် ဆိုင်ဆိုင်ပဲ နည်းပြ ၀င်းဂါးဟာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးကို အနိုင်ရ အပြီးမှာ အသင်းမှာ ဆက်နေမယ့် ဆုံးဖြတ်ချက် ပေါ်ထွက် လာတာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ အဆင့် ၅ နေရာပဲ ရပ်တည်နိုင်ခဲ့လို့ လာမယ့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့လည်း လွဲချော် ခဲ့ပါတယ်။
အာဆင်နယ် အနေနဲ့ အဆင့် ၄ ရဲ့ အောက်မှာ ရပ်တည်နိုင် တာဟာ နည်းပြ ၀င်းဂါး လက်ထက်မှာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။
From :
Originally published at - http://burmese.dvb.no/archives/209776





No comments:
Post a Comment