
လာမယ့် ဘောလုံး ရာသီမှာ ဟန်ဆောင် လှဲချတဲ့ ကစားသမား တွေကို ပွဲပယ် ပြစ်ဒဏ်တွေ ပေးနိုင်ရေး အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က စည်းမျဉ်း သတ်မှတ် သွားဖို့ စီစဉ်နေ ပါတယ်။
ကစားသမား တဦး အနေနဲ့ ပယ်နယ်တီ ရရှိအောင် ဟန်ဆောင် လှဲချ တာတွေ၊ ပြိုင်ဘက် ကစား သမားတွေကို အထုတ်ခံ ရအောင် ရည်ရွယ်ပြီး ဟန်ဆောင် လှဲချ တာတွေ ပြုလုပ် ခဲ့မယ် ဆိုရင် ထုတ်ပယ် ခံရတဲ့ အထိ အရေးယူ ခံရမှာ ဖြစ်ပါတယ်။
ဗွီဒီယိုဖိုင်ကိုကြည့်ပြီး အရေးယူမှုတွေလည်း ပြုလုပ်မှာဖြစ်ပြီး အရေးယူမယ့် အဖွဲ့ထဲမှာ ဒိုင်လူကြီးဟောင်းတဦး၊ နည်းပြဟောင်းတဦးနဲ့ ကစားသမားတဦး ပါဝင်မှာဖြစ်ပါတယ်။
ဟန်ဆောင်လှဲချတဲ့ ကစားသမားတွေကို ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်မယ့် စည်းမျဉ်းသစ် အသုံးပြုဖို့အတွက် ပရီးမီးယားလိဂ်၊ English Football League နဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းတွေရဲ့ အတည်ပြု ထောက်ခံချက်လည်း လိုအပ်မယ်လို့ သိရပါတယ်။
ဒီစည်းမျဉ်းကို အင်္ဂလန်နိုင်ငံမှာ အသုံးမပြုသေးပေမယ့် စကော့တလန်ဘောလုံးလိဂ် ပြိုင်ပွဲတွေမှာတော့ ၂၀၁၁ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Getty Images
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207497

No comments:
Post a Comment