မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 25, 2017

ဆွာရက်ဇ် သွင်းဂိုးကို မှားယွင်း ဆုံးဖြတ်ပြီး မပေးခဲ့ မိကြောင်း ကွင်လယ်ဒိုင် ဝန်ခံ




ကွင်းလယ်ဒိုင် အမှားဟာ ဘာစီလိုနာကို အမှတ်ပေး ချန်ပီယံ ဖြစ်ခွင့် ထိခိုက် ခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည် ကြပါတယ်။

ဇန်နဝါရီလ တုန်းက ရီးရဲလ်နဲ့ ဘာစီလိုနာ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းရဲ့ ဂိုးကို မပေးမိဘဲ မှားယွင်း ဆုံးဖြတ်မိတဲ့ ကွင်းလယ် ဒိုင်က ဒီအဖြစ်ကို ဝန်ခံ တောင်းပန် လိုက်တယ်လို့ သိရ ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်ဘက်တစ်အသင်းက ဇန်နဝါရီလမှာ လာလီဂါပွဲစဉ်တွေ့ဆုံခဲ့စဉ်က တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်ဘက် တစ်ဘက်က ဦးဆောင်ဂိုး အရင်သွင်းခဲ့တာဖြစ်ပြီး ပွဲချိန် ၇၀ ကျော်မှာ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သွင်းတဲ့ ချေပဂိုးကို ကွင်းလယ်ဒိုင် ဟာနန်ဒက်ဇ်က ခွင့်မပြုခဲ့ပါဘူး။

ဆွာရက်ဇ် သွင်းယူလိုက်တဲ့ ဂိုးဟာ ဂိုးစည်းကို တစ်မီတာလောက် ကျော်သွားခဲ့ပေမယ့် နောက်ခံလူက ပြန်ဖျက်ထုတ်လိုက်ချိန်မှာ ကွင်းလယ်ဒိုင်က အမြင် မှားပြီး ဂိုးအဖြစ်မသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီး ၈၉ မိနစ်မှာ ဆွာရက်သွင်းယူတဲ့ ဂိုးကြောင့် ဘာစီလိုနာက အဲဒီိပွဲကို သရေနဲ့ ကျေနပ်ပြီး နှစ်မှတ်ဆုံးရှုံးခဲ့ရပါတယ်။

“ အဲဒီတုန်းက ကျွန်တော့်အတွက် ဆုံးဖြတ်ချက်က ရှင်းရှင်းလေးပဲ ဖြစ်ခဲ့တယ်လေ။ ရှေ့မှာ လူသုံးယောက်လောက် ပိတ်ထားတော့ ကျွန်တော် ဘာဖြစ် သွားလဲ မမြင်ခဲ့ပါဘူး။ လူတွေ တော်တော်လေး စိတ်ဆိုးကြမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။

ဒါပေမယ့် ဒါဟာ တဒင်္ဂလေးအတွင်း ဖြစ်သွားခဲ့တာ ဖြစ်ပြီး စည်းကြပ်ဒိုင်တွေလည်း မမြင်ခဲ့ကြပါဘူး။ ဒီလိုအမှားမျိုး လုပ်မိလိုက်ပြီဆိုရင်တော့ဆိုးဆိုးရွားရွား ခံစားရပြီး ကျန်ခဲ့ရတော့တာပဲ။ ရှေ့မှာလည်းစိန်ခေါ်မှုတွေကို တောက်လျှောက်ရင်ဆိုင်ရတော့မယ်လေ” လို့ အဲဒီပွဲကို တာဝန်ယူခဲ့တဲ့ ကွင်လယ်ဒိုင် ဟာနန် ဒက်ဇ်က ပြောပါတယ်။

ဘာစီလိုနာဟာ အဲဒီတုန်းက သရေကျခဲ့လို့ ရီးရဲလ်မက်ဒရစ်နဲ့ လေးမှတ်အထိ ပြတ်သွားခဲ့ရပါတယ်။ ဒီပွဲက ကွင်းလယ်ဒိုင်ရဲ့ အမှားဟာ ဘာစီလိုနာအသင်းကို အမှတ်ပေးဖလား ဆုံးရှုံးသွားတဲ့အထိ ထိခိုက်စေခဲ့တယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်။

ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်က ၉၃ မှတ် ဘာစီလိုနာက ၉၀ မှတ်ရရှိပြီး ရာသီသိမ်းခဲ့ကြပါတယ်။ ဥရေပ ထိပ်သီးအမှတ်ပေးပြိုင်ပွဲ ငါးခုထဲမှာ လာလီဂါ ပြိုင်ပွဲ တစ်ခုသာ ဂိုးလိုင်းနည်းပညာကို ပြီးခဲ့တဲ့ရာသီက အသုံးမပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Mirror

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/international-sports/-id6894868.html

No comments:

Post a Comment