မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 3, 2017

တနင်္သာရီတိုင်း အမျိုးသမီး ဘော်လီဘော အဖွဲ့အား ဂုဏ်ပြုပွဲ ကျင်းပ




ထားဝယ် ဇွန် ၃

"တရား သဖြင့် ယှဉ်ပြိုင်၊ နိုင်အောင် ကြိုးပမ်း" " ယှဉ်ပြိုင်လျှင် နိုင်ရမည် " ဆိုသော ဆောင်ပုဒ်နှင့် အညီ ၂၀၁၇ ခုနှစ်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘော ပြိုင်ပွဲတွင် တံခွန်စိုက် ဆုဖလား ဆွတ်ခူး ရရှိသော တနင်္သာရီတိုင်း ဒေသကြီး အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲအား ဂုဏ်ပြု ပွဲ အခမ်း အနားကို ယနေ့ညနေ ၁၅း၀၀ နာရီ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်း အဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် တနင်္သာရီတိုင်း ဒေသ ကြီး သည် ဘော်လီဘော ကစားနည်းမှာ မြန်မာ့ လက်ရွေးစင် အားကစားတွေ မွေးထုတ်ပေးနိုင်သော အစဉ်အလာ ရှိသော တိုင်းတစ်ခုဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အမျိုးသား အားကစား ပွဲတော် ဘော်လီဘော ပြိုင်ပွဲတွင် အမျိုးသမီး အသင်း အနေနှင့် ဒုတိယ ရရှိတာ တွေ့ရှိရပြီး ဒီနှစ်မှာကျင်းပပြုလုပ်သော အသက် (၂၅) နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲမှာ အမျိုးသမီးအသင်းအနေနှင့် ပထမ တံခွန်စိုက် ဆုဖလားကို ဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်ကြောင်း၊

တနင်္သာရီ တိုင်းဒေသကြီး အမျိုးသမီး ဘော်လီဘောအဖွဲ့အနေနှင့် တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းတွေဖြစ်အောင် ကြိုးစား သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး အမျိုးသမီးဘော်လီဘော အားကစားအဖွဲ့၊ အုပ်ချုပ်သူ ဒေါ်ရွှေရတုက ပြိုင်ပွဲအတွေ့အကြုံအား ရှင်းလင်းတင်ပြပြီး ရရှိလာသော တံခွန်စိုက်ဆုဖလားအား အမျိုးသမီးဘော်လီဘောအဖွဲ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အပ်နှံသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က တိုင်းဒေသကြီး အမျိုးသမီးဘော်လီဘောအဖွဲ့အား ဆုငွေ ကျပ် (၃၀) သိန်း ချီးမြှင့်ပြီး အကောင်းဆုံး ဆယ်မဆု ၊ ပင့်ထောင်ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားဆု ရရှိသော အားကစားသမားများ အား ဆုငွေကျပ် (၁) သိန်းစီ ဆုချီးမြှင့်ကာ တက်ရောက်လာသော တိုင်းဒေသကြီး အမျိုးသမီး ဘော်လီဘောအဖွဲ့ အား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - moigovnews.blogspot.com

No comments:

Post a Comment