ရန်ကုန် ဇွန်လ ၃
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖလား မြို့နယ် ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား /သမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက် (၉) နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် (သုဝဏ္ဏ) ပိုက်ကျော်ခြင်း လေ့ကျင့်ရေး ရုံ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဗိုလ်လု ပြိုင်ပွဲတွင် သာကေတ မြို့နယ် အသင်းက ဒဂုံ(မြောက်) အသင်းကို (၂၁-၁၉)၊ (၂၁-၁၃) နှစ်ပွဲပြတ်ဖြင့် အနိုင် ရရှိ သွားသည်။
ဆက်လက်ပြီး ဆုပေးပွဲကို ကျင်းပရာ မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော အေးအေးသန်း (ကွမ်းခြံကုန်း) နှင့် အမျိုးသားအကောင်းဆုံးဆုရရှိသော ဇင်ဘိုဦး (သာကေတ) တို့အားလည်းကောင်း၊ အမျိုးသမီး ပြိုင်ပွဲ၌ ဒုတိယဆုရ သန်လျင်မြို့နယ်အသင်း၊ ပထမဆုရ ကွမ်းခြံကုန်းမြို့နယ်အသင်း တို့အားလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရ ဒလမြို့နယ်အသင်း၊ ဒုတိယဆုရ ဒဂုံ(မြောက်) အသင်းတို့ အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ရန်ကုန်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် အတွင်းရေးမှူး ဦးမြအောင်၊ သာကေတမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း နှင့်တာဝန်ရှိသူတို့က ဆုရရှိသော အသင်း များ အား ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ချီးမြှင့်ပေးသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမတံခွန်စိုက်ဆုဖလားရရှိသော သာကေတမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi
Originally published at - moigovnews.blogspot.com

No comments:
Post a Comment