မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

နာမည်ကျော် နည်းပြ Ancelloti လာမည့်နှစ်တွင် ဘောလုံးလောက အတွင်းသို့ ပြန်လည် ဝင်ရောက်မည်




ရီးရဲလ်မက်ဒရစ် အသင်းကို နောက်ဆုံး ကိုင်တွယ်ပြီး တဲ့နောက်မှာ ဘောလုံး လောကမှ ခေတ္တ အနားယူ နေတဲ့ နာမည်ကျော် နည်းပြ Ancelloti ဟာ နောက်နှစ် အတွင်းမှာ ဘောလုံး လောက အတွင်းကို ပြန်လည် ဝင်ရောက် တော့မယ်လို့ ပြောလိုက် တာပါ။

Ancelloti ဟာ လီဗာပူးလ် အသင်းကို ကိုင်တွယ် ရမယ်လို့ နာမည်ထွက် နေတဲ့ အချိန်မှာ အခုလို ပြောကြား လိုက်တာပဲ ဖြစ်ပါတယ်။ အသက် ၅၆နှစ် အရွယ် နည်းပြဟာ ၂၀၁၄-၂၀၁၅ ရာသီမှာ ရီးရဲလ် အသင်းကို ဖလား လက်မဲ့ ဖြစ်စေ ခဲ့တာကြောင့် နည်းပြ ရာထူးကနေ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ဘောလုံး လောက က သြဇာကြီးမား သူတွေနဲ့ တွေ့ဆုံပွဲမှာ ယခုလို ဖြေဆို ခဲ့တာပါ။ " ကျွန်တော် အခုလောလော ဆယ်မှာ အားရပါးရ အနားယူေ နပါအုံးမယ်။

အလုပ်တွေ ပြန်မလုပ် ချင်သေးဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခံယူချက်ကတော့ နည်းပြကောင်း တစ်ယောက်အနေနဲ့ ဆက်ရှိနေ ချင်သေးတယ်။ အခုလောလောဆယ်တော့ အနားယူရအုံးမယ်လေ ဒါမှနောက်ရာသီသစ်အတွက် အသင့်ဖြစ်နေလိမ့်မယ် " လို့ ပြောသွားခဲ့တာပါ။

Ancelloti ဟာ အခုလိုပြောကြားလိုက်တာကြောင့် လီဗာပူးလ်အသင်းနဲ့ သတင်းတွေ နှုတ်ပိတ်သွားခဲ့ပြီး လီဗာပူးလ်နည်းပြသစ် အနေနဲ့ ဒေါ့မွန်နည်းပြဟောင်း Jurgen Klopp ကို တွေ့မြင်ရဖွယ် ရှိနေပါတယ်။

သစ်ထူးလွင်(အားကစား)

Original link - http://sports.thithtoolwin.com/2015/10/ancelloti.html


No comments:

Post a Comment