Kovacic ဟာ ရီးရဲလ် မက်ဒရစ် အသင်းကို ပြောင်းရွှေ့လာရတဲ့ အကြောင်းရင်းကို ဖွင့်ဟ လိုက်ပါတယ်။
သူဟာ အင်တာမီလန်မှာ ကစားစဉ်က သူ့ကို အီတလီ မြေမှာ ကစားရ ကောင်းလား ဆိုပြီး အမြဲနောက်ပြောင်လေ့ ရှိတဲ့ Cristiano Ronaldo ကြောင့်ပါလို့ ဖွင့်ဟ လိုက်တာပါ။
ဒီခရိုအေးရှား လက်ရွေးစင် ကစားသမားဟာ နွေအပြောင်း အရွှေ့မှာ ပေါင် ၃၅ သန်းနဲ့ အင်တာမီလန် အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
နည်းပြ ဘင်နီတက်ဇ် လက်ထက်မှာ ခေါ်ယူခဲ့တဲ့ အဓိက ကစားသမားဖြစ်ပြီး ယခုထက်ထိတော့ အလှည့်ကျ ပွဲထွက်ခွင့်သာ " ကျွန်တော့်ကို အရင်ဆုံး [Luka] Modric က ရီးရဲလ်ကစားမားတွေဟာ ခမ်းနားကြီးကျယ် လှပေမယ့် အမှန်တယ် ရိုးသားတဲ့ သူတွေဖြစ်တယ်လို့ မိတ်ဆက်ပေး ခဲ့တာပါ။
ပြီးတော့လည်း Cristiano က ကျွန်တော့်ကို အင်တာမှာ ကစားနေတဲ့ အတောအတွင်းမှာ အဝတ်လဲ ခန်းထဲမှာ တွေ့ရင်တွှေ သလို နောက်ပြောင်လေ့ ရှိပြီး အီတလီမြေမှာ လေ့ကျင့်ခန်း ဆင်းရတာ မငြီးငွေ့ ဘူးလားလို့ အမြဲမေးခွန်း ထုတ်တတ်တဲ့ သူပါ။ သူဟာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆိုပေမယ့် အမှန်တကယ်တော့ ပျော်ပျော် နေတတ်သူပါလို့ " ဖွင့်ဟ သွားခဲ့ပါတယ်။
သူဟာ ဒိုင်နမိုဇာဂရက်အသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ချိန်မှာ အင်တာကစားကွက်နဲ့ အံမဝင်ခဲ့တာကြောင့် ခက်ခဲ့တဲ့ကာလတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ "
ကျွန်တော်က ဘောလုံးဖြန့်ကစားရတာကို ကြိုက်တာပါ။ ဂိုးသွင်းနိုင်ဖို့ကို စိတ်မဝင်စားပါဘူး။ ရရှိနေပါသေးတယ်။ ကစားကွက်ကိုခင်းပေးတဲ့သူ ဖြစ်ချင်တာပါ။ ဒါပေမယ့် အင်တာမှာတော့ ကွင်းလယ်တိုက်စစ်နေရာက ကစားခဲ့ရတော့ကျွန်တော့်ရဲ့ကစားပုံက ပျောက်သွားပါတယ်။
နေရာပြောင်းကစားရတာက ပြဿနာမဟုတ်ပေမယ့် ကစားပုံက အရင်လောက်မကောင်းတော့ဘူးပေါ့ " လို့ အင်တာမီလန်မှာ ကစားစဉ်က အခက်အခဲတွေကို ပြောပြသွားခဲ့ပါတယ်။
သူကတော့ ယခုလောလောဆယ်မှာ ရီးရဲလ်အသင်းမှာ နေရာရနိုင်ဖို့ ကြိုးစားနေရပြီး အသင်းဖော်တွေနဲ့လည်း အကောင်းဆုံးဆက်ဆံရေးတွေ ရှိနေသူလည်းဖြစ်ပါတယ်။
သစ်ထူးလွင်(အားကစား)
Original link - http://sports.thithtoolwin.com/2015/10/ronaldo-kovacic.html






No comments:
Post a Comment