
မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းဟာ လက်ဘနွန် လက်ရွေးစင် အသင်းနဲ့ ဒီနေ့ မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စူပါချာလာစိုင်း အားကစား ကွင်းမှာ ယှဉ်ပြိုင် ကစားသွား ကြမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ ဇုန်အသီးသီးမှာ ခြေစစ်ပွဲတွေ ကျင်းပနေပြီး မြန်မာ့ လက်ရွေးစင် အသင်းဟာ အာရှဇုန်ရဲ့အုပ်စု (ဂျီ) မှာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအို အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက် နေပါတယ်။
မြန်မာ အသင်းဟာ လက်ရှိမှာ ၃ ပွဲ ယှဉ်ပြိုင် ထားပြီး ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၁ မှတ်သာ ရရှိထားလို့ အဆင့် ၄ နေရာမှာ ရောက်ရှိ နေပါတယ်။
မြန်မာအသင်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း ဘန်ကောက်မြို့ စူပါချာလာစိုင်း အားကစားကွင်းမှာ လာအိုအသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ မြန်မာ အသင်းပါတဲ့ ခြေစစ်ပွဲတွေကို MRTV News Channel နဲ့ MRTV Entertainment Channel တို့မှာ တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမယ်လို့ သိရပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115343

No comments:
Post a Comment