
လီဗာပူးလ် အသင်းဟာ Jurgen Klopp ကို နည်းပြသစ် အနေနဲ့ ကြာသပတေး နေ့မှာ အပြီးသတ် စာချုပ်,ချုပ်နိုင်ဖို့ မျှော်လင့်လျက် ရှိတယ်လို့ Goal.com ကဖော်ပြ ထားပါတယ်။
Klopp ဟာ မာဆေး ဆိုက်ဒါဘီ အပြီး ထုတ်ပယ် ခံခဲ့ရတဲ့ နည်းပြ Brendan Rodgers နေရာမှာ အစားထိုးဖို့ လီဗာပူးလ် အသင်းက ပစ်မှတ် ထားနေ တာပါ။ Klopp ဟာ စင်းလုံးငှား
လေယာဉ် တစ်စင်းနဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ လီဗာပူးလ်မြို့ကို လာရောက်ဖွယ် ရှိနေပြီး သောကြာနေ့မှာ အသင်းကို စတင် ကိုင်တွယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ တာပါ။
လီဗာပူးလ်အသင်း ကတော့ ရလဒ်တွေ ပြန်လည်ကောင်းမွန် ဖို့နဲ့ အသင်းကို အဖက်ဖက်က တိုးတက် လာအောင် လုပ်ပေးနိုင် တယ်လို့ Klopp ကို ယုံကြည်နေ တာဖြစ် ပါတယ်။
Klopp ဟာ ဂျာမန်မြေမှာ ဒေါ့မွန်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ပျိုးထောင်ပေး နိုင်ခဲ့ပြီး Gotze , Reus , Lewandowski တို့လို အရည် အသွေးမြင့် ကစားသမား တွေလည်း မွေးထုတ်ပေး နိုင်ခဲ့ပါတယ်။
သူဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ရမယ်ဆိုရင်တော့ လုပ်ဖော် ကိုင်ဘက်ဟောင်းတွေ ဖြစ်တဲ့ Zeljko Buvac နဲ့ Peter Krawietz လည်း အန်ဖီးလ်ကိုခေါ်ဆောင်လာမယ်လို့ သိရပါတယ်။
Original link - http://sports.thithtoolwin.com/2015/10/jurgen-klopp.html

No comments:
Post a Comment