မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 5, 2015

ဆန်းဒါးလန်း နည်းပြ ရာထူးမှ နုတ်ထွက်



ဓာတ်ပုံ - ရိုက်တာ

ဆန်းဒါးလန်း အသင်း နည်းပြ ဖြစ်သူ ဒစ် အဒ်ဗိုကတ် နည်းပြ ရာထူးကနေ အောက်တိုဘာ ၄ ရက်နေ့က နုတ်ထွက် သွားခဲ့ ပါတယ်။

သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ အပြီး နိုင်ပွဲ တပွဲမှ မရှိဘဲ အဆင့် ၁၉ ကို ရောက်နေ တာပါ။

ပရီးမီးယားလိဂ်မှာတော့ သူဟာ အခုနှစ်အတွက် ပထမဆုံး နည်းပြရာထူး အပြောင်းအလဲ ဖြစ်ခဲ့သူပါ။ သူဟာ မတ်လက စတင်ပြီး အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ပေါင် ၂၅ သန်း အသုံးပြုပြီး အသင်းအတွက် ကစားသမားတွေ ၀ယ်ယူ အားဖြည့်ခဲ့ပေမယ့်လည်း အခုချိန်အထိ ၁ မှတ်သာ ရထားတာပါ။

အဒ်ဗိုကတ်ကတော့ အသင်းကို ပြောင်းလဲပစ်ဖို့ အချိန်အများအပြား လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114860

No comments:

Post a Comment