မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 5, 2015

လီဗာပူး နည်းပြ ရော်ဂျာစ် ရာထူးမှ ထုတ်ပယ်ခံရ



ဓာတ်ပုံ - ရိုက်တာ

လီဗာပူး အသင်းက နည်းပြ ဘရန်ဒန် ရော်ဂျာစ်ကို ရာထူး ကနေ ထုတ်ပယ် လိုက်ပါတယ်။

နည်းပြ ရော်ဂျာစ်ဟာ လီဗာပူးမှာ ၃ နှစ်ခွဲ တာဝန်ယူ ခဲ့အပြီး အထုတ် ခံရတာပါ။

လီဗာပူး အသင်းဟာ ဒီနှစ်ရာသီ အစမှာ ရလဒ်တွေ ဆိုးဝါးနေပြီး အောက်တိုဘာ ၃ ရက်နေ့က ပွဲစဉ် မှာလည်း အဲဗာတန်နဲ့ သရေကျ ခဲ့ပါတယ်။

လောလောဆယ် လီဗာပူးနည်းပြရာထူးအတွက် ဒေါ့မွန် နည်းပြဟောင်း ဂျာဂင် ကလော့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

လီဗာပူးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုကို အသင်းအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ၈ ပွဲ ကစားထားရာမှာ ၃ ပွဲပဲ နိုင်သေးပြီး ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114878

No comments:

Post a Comment