မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

ကမ္ဘာဖလား ခြေစစ်ပွဲ မြန်မာအသင်း လက်ဘနွန်ကို ရှုံး



ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၈ ရက်က ယှဉ်ပြိုင် သွားတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲအတွက် အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲမှာ မြန်မာက လက်ဘနွန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးသွား ပါတယ်။

မြန်မာ့ လက်ရွေးစင် အသင်းဟာ လက်ဘနွန်ကို တိုက်စစ်ဆင် ယှဉ်ပြိုင် သွားနိုင်ပေမယ့် အဆုံးသတ် ပိုင်းတွေ အားနည်းနေတဲ့ အတွက် ဂိုးမသွင်း နိုင်တာ ဖြစ်ပါတယ်။

လက်ဘနွန်အတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက် သွင်းယူပါတယ်။

မြန်မာအသင်းက ဘောလုံး ပိုင်ဆိုင်မှု ပိုများခဲ့ပြီး လက်ဘနွန်က တန်ပြန် တိုက်စစ်တွေ ကနေ ခြိမ်းခြောက်နိုင် ခဲ့ပါတယ်။ ဒီပွဲမှာ လက်ဘနွန်က တောင်ပံတွေကို အားပြု ယှဉ်ပြိုင် သွားပါတယ်။

မြန်မာအသင်းက နန္ဒကျော်ရဲ့ ကန်ချက်ကိုလည်း လက်ဘနွန်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ သန်းပိုင်အစား အောင်သူ ၀င်ရောက်ကစားခဲ့ပြီး တိုက်စစ်လည်း ပိုဆင်နိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

လက်ဘနွန်အတွက် ဒုတိယဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူသွားပါတယ်။

ဒီပွဲကို မြန်မာပရိသတ်တွေ ရာနဲ့ချီ လာရောက် အားပေးခဲ့ပါတယ်။

မြန်မာအသင်းဟာ လောလောဆယ် အုပ်စု ဂျီ မှာ ၁ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာ မြန်မာအသင်းဟာ လာအိုအသင်းနဲ့ ၅ ပွဲမြောက် ခြေစစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115549


No comments:

Post a Comment