
အောက်တိုဘာ ၈ ရက်ညမှာ ယှဉ်ပြိုင် သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲ စဉ်တွေမှာ နာမည်ကြီး ဂျာမနီ အသင်း အိုင်ယာလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားပါတယ်။
အိုင်ယာလန်က အိမ်ကွင်းမှာ အနိုင် ရလိုက်လို့ ယူရိုခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက်တွေ ရှင်သန် သွားပါတယ်။
အိုင်ယာလန် အတွက် တလုံး တည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း မိနစ် ၇၀ မှာ လောင်းက သွင်းယူ ပါတယ်။
ကမ္ဘာ့ ချန်ပီယံ ဂျာမနီ အသင်းက ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ကန်သွင်း ခွင့်တွေ ပိုရ ခဲ့ပေမယ့် အသုံး မချနိုင်လို့ အရှုံးပေး လိုက်ရတာပါ။
လက်ရှိ အုပ်စု ဃ မှာ ဂျာမနီက ၁၉ မှတ်နဲ့ ဦးဆောင်နေပြီး ပိုလန်က ၁၈ မှတ်နဲ့ ဒုတိယ၊ အိုင်ယာလန် ကလည်း ၁၈ မှတ်နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115540






No comments:
Post a Comment