
လာမယ့် နိုဝင်လာလမှာ ပထမဆုံး နိုင်ငံတကာ အဆင့်မှီ စကိတ် အားကစားကွင်း တခုကို ရန်ကုန်မြို့မှာ ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ စကိတ် စီးသူများ အသင်း (Myanmar Skate Association)က အောက်တိုဘာလ ၈ ရက်နေ့မှာ ပြောလိုက် ပါတယ်။
မြန်မာနိုင်ငံ စကိတ် အားကစား ဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ် တည်ဆောက်မယ့် အဲဒီ စကိတ် အားကစား ကွင်းကို Make Life Skate Life အဖွဲ့က အဓိက ပံ့ပိုးပေး တာဖြစ်တယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။
ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၉,၅၀၀ ကျသင့်မယ့် အဲဒီ စကိတ် အားကစား ကွင်းကို ပြည်တွင်းပြည်ပ အလှူရှင်တွေက ပံ့ပိုး ကူညီပေး သွားမယ်လို့ သတင်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စကိတ် အားကစားသမား ၄၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115521

No comments:
Post a Comment