
မနေ့ညက ယှဉ်ပြိုင် ကစား ခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူပွဲမှာ အာဆင်နယ် အသင်းက သုံးဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရ ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ဟာ ပထမပိုင်း သွင်းဂိုး သုံးဂိုးနဲ့ ဦးဆောင် သွားခဲ့တာပါ။
အာဆင်နယ် အသင်းကတော့ လူစုံ ထုတ်ပြီး မန်ယူ အသင်းကို ရင်ဆိုင် ခဲ့တာပါ။ တောင်ပံ တိုက်စစ်တွေကို အဓိက အားပြု ကစားခဲ့ပြီး မန်ယူ အသင်းရဲ့ အထနှေး တတ်မှုကို အခွင့် အရေးယူ ခဲ့တာပါ။ သွက်လက်တဲ့ တိုက်စစ် ကစားပုံနဲ့ အာဆင်နယ်က ပွဲအစ ခြောက်မိနစ် မှာတင် ဦးဆောင်ဂိုး ရခဲ့ ပါတယ်။
ညာခြမ်းက Ramsey ခင်းပေးတာကို Ozil က လူကျွံ ထောင်ချောက် ကနေ ဆွဲထုတ် သွားပြီး Sanchez ကို ပို့အပေးမှာ အသင့် အနေအထား ရှိနေတဲ့ Sanchez က နောက်ပေါက်နဲ့ သွင်းယူ သွားခဲ့ တာပါ။ ဒီဂိုးမှာတော့ မန်ယူ နောက်တန်း တွေဟာ အငိုက် မိနေပြီး အာဆင်နယ် တိုက်စစ်ကို လုံးဝ ခွင့်ပြုထား သလို အနေအထား ကိုတွေ့ ရပါတယ်။
ဦးဆောင်ဂိုး ပေးပြီး မကြာခင်မှာပဲ Theo Walcott က ဘယ်ခြမ်း ကနေ တောက်လျှောက် ဆွဲထုတ် လာပြီး နေရာ လွတ်နေတဲ့ Ozil က အသာ အယာ ကန်သွင်း သွားခဲ့ တာပါ။ မန်ယူ နောက်တန်းက နှစ်ဂိုးပေး အပြီးမှာ ပုံမှန် အနေအအထား ပြန်ရောက် လာခဲ့ပေမယ့် ၁၉ မိနစ်မှာ Sanchez သူ့ရဲ ပုံစံအတိုင်း Volley ကန်ချက်နဲ့ ဂိုးရယူပေး ခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ မန်ယူ အသင်းကစားပုံ ပြန်ငြိမ် လာပါတယ်။ ဒါပေမယ့် ချေပဂိုး ပြန်လည် သွင်းယူနိုင်ခြင်း မရှိခဲ့ တာကြောင့် အာဆင်နယ် အသင်းက သုံးဂိုးပြတ်နဲ့ အနိုင်ရ ခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူနောက်တန်း တစ်တန်း လုံးက အမှားများ ခဲ့တာကို တွေ့ ရပါတယ်။ တောင်ပံ ခံစစ်ဖြစ်တဲ့ Darmian ကလည်း ဒီပွဲမှာ အမှားများ ခဲ့သလို Luke Shaw နေရာဝင် ကစားတဲ့ Ashley Young ကလည်း ကစားပုံ အံမဝင် တာတွေက ပွဲအဖြေကို ပြောင်းလဲပေး ခဲ့တာပါ။ Blind နဲ့ Smalling တို့ကလည်း အတွဲ မမိသေးဘဲ Smalling က အသင်း နောက်တန်းကို ဦးဆောင်နိုင်ဖို့ မလွယ်သေး တာကို တွေ့ ရပါတယ်။
တိုက်စစ်မှူးဖြစ်တဲ့ Martial ကတော့ တစ်ပွဲလုံးကစားပုံပျောက်နေတာကိုတွေ့ရ ပါတယ်။ ဒါကြောင့် အားလုံးကို ခြုံငုံ သုံးသပ်ရမယ် ဆိုရင် မန်ယူအသင်းဟာ ရှေ့ လယ် နောက် ကစားပုံဟာ နားလည်မှုနဲ့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ သုံးသပ်ရမှာပါ။
သစ်ထူးလွင်(အားကစား)
Original link - http://sports.thithtoolwin.com/2015/10/blog-post_76.html

No comments:
Post a Comment