
လီဗာပူးလ် အသင်းဟာ အဲဗာတန် အသင်းနဲ့ သရေကျခဲ့ Brendan Rodgers ကို ရာထူးကနေ ထုတ်ပယ် လိုက်တယ်လို့ သိရပါတယ်။
လီဗာပူးလ် အသင်းဟာ ရာသီအစ ရှစ်ပွဲသာ ရှိသေးပေမယ့် မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ် လိုက်တာပါ။
လီဗာပူးလ် အသင်းဟာ နွေအပြောင်း အရွှေ့မှာ ပေါင်သန်း ၈၀ အထိ သုံးစွဲ ခဲ့ပေမယ့် Rodgers က ထိုက်တန်တဲ့ အောင်မြင်မှုကို မရယူပေး နိုင်ခဲ့ပါဘူး။
အသင်း ပိုင်ရှင် John Henry , ဥက္ကဌ ဖြစ်သူ Tom Werner နဲ့ အသင်း အမှုဆောင်ချုပ် Mike Gordon တို့ကတော့ သူတို့ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ကို ချခဲ့ရ ပါတယ်။ အသင်းအတွက်အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ အပြောင်းအလဲတစ်ခုကို ပြုလုပ်လိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
Rodgers ဟာ လီဗာပူးလ် အသင်းကို ၂၀၁၂ ခုနှစ်က စတင် ကိုင်တွယ် ခဲ့တာဖြစ်ပြီး သူ့ရဲ့ဒုတိယ ရာသီမှာ အသင်းကို ကောင်းကောင်း ထိန်းကျောင်းနိုင် ခဲ့လို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အထိရောက်ရှိ လာခဲ့ ပါတယ်။
ဒါပေမယ့် အဓိက ကစားသမား ဖြစ်တဲ့ Suarez ကို လက်လွှတ် လိုက်ရပြီးတဲ့ နောက်မှာ ရလဒ်တွေ ဆိုးရွားလာ ခဲ့တာကြောင့် အခုလို ထုတ်ပယ်ခံ ခဲ့ရတာပါ။
ဒါကြောင့် လီဗာပူးလ် နည်းပြနေရာ အတွက် Jurgen Klopp , Carlo Ancelotti နဲ့ Frank De Boer တို့က တစ်ပြေး နေပါတယ်။
Jurgen Klopp ကတော့ ရေပန်းအစားဆုံး ဖြစ်နေပြီး ဘွတ်ကီဒိုင်တွေက လီဗာပူးလ် နည်းပြနေရာ အတွက် အလေးပေး မှုတွေ ဖွင့်လှစ် လိုက်တယ်လို့ သိရပါတယ်။
(Paing A K )
သစ်ထူးလွင်(အားကစား)
Original link - http://sports.thithtoolwin.com/2015/10/brendan-rodgers-jurgen-klopp_5.html

No comments:
Post a Comment