
မန်စီးတီး တိုက်စစ်မှူး Aguero ဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တွေထဲက တစ်ယောက် ဖြစ်ပြီး သူ့မှာ Ronaldo နဲ့ Messi ပြီးရင် ကမ္ဘာ့ အကောင်းဆုံး ကစားမား ပါလို့ နည်းပြ Pellegrini က သုံးသပ် လိုက်တာပါ။
မနှစ်က ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရခဲ့တဲ့ တိုက်စစ်မှူးဟာ ယခုရာသီမှာ ခြောက်ဂိုး အထိ သွင်းယူ ထားနိုင်ပြီး ရွှေဖိနပ် ဆုကို ထပ်မံ ရယူနိုင်ဖို့ ရေပန်းစား နေတာပါ။
Aguero ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ငါးဂိုး အထိ သွင်းယူပြီး ခြေစွမ်းပြ ခဲ့တာပါ။ ဒါကြောင့် နည်းပြ Pellegrini က " နယူးကာဆယ်နဲ့ ပွဲက ငါးဂိုးက သူ့ခြေစွမ်းကို ထင်ဟပ်ပြ လိုက်တာပါပဲ။
သူရဲ့ဒီလိုခြေစွမ်းတွေ ကလည်း အဆင့် တစ်ခုကို ရောက်ရှိနေ တယ်ဆိုတာ မျက်ကွယ်ပြု ထားလို့ မရပါဘူး။ ကျွန်တော့် အမြင်မှာတော့ သူဟာ Ronaldo နဲ့ Messi တို့ပြီးရင်တော့ အကောင်းဆုံး ပဲလို့ ထင်မိတယ် " လို့ ပြောပြ သွားခဲ့တာပါ။
Aguero ဟာ မန်စီးတီးအသင်းရဲ့ အားအထားရဆုံး ကစားသမား တစ်ယောက် ဖြစ်ပြီး ယခုအချိန်မှာ ကွင်းလယ် ကစားသမား သစ်တွေ ဖြစ်တဲ့ De Bruyne , Sterling တို့နဲ့ နားလည်မှု ပိုရ လာတာကြောင့် နည်းပြ Pellegrini အတွက်တော့ ဖိအားတွေ အတော်အတန် လျော့ကျ သွားခဲ့ တယ်လို့ ဆိုရမှာပါ။
သစ်ထူးလွင်(အားကစား)
Original link - http://burmese.dvb.no/archives/114877

No comments:
Post a Comment