
ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းက နည်းပြ ဒေးဗစ်မိုယက်စ်ကို ငှားရမ်း ခဲ့တာဟာ အမှားအယွင်း မဟုတ်ဘူးလို့ နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ပြောပါတယ်။
မန်ယူ အသင်းက ၈ လကြာ ငှားရမ်း ခဲ့အပြီး ထုတ်ပယ် လိုက်တဲ့ နည်းပြ မိုယက်စ်နဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ အောင်မြင်မှု လျှို့ဝှက်ချက် ဖြစ်ရပ်မှန် ရုပ်သံ မှတ်တမ်းမှာ ဖာဂူဆန်က အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ရောက်နေတဲ့ အခြေအနေကို အကောင်းဆုံး လုပ်ဆောင် ခဲ့တာ ဖြစ်သလို မှန်ကန်တဲ့ လူကို ရွေးချယ် ခဲ့တာဖြစ်တယ်လို့ ဖာဂူဆန်က ပြောပါတယ်။
မန်ယူမှာ ၂၆ နှစ်ကြာ နည်းပြလုပ်ဆောင် ခဲ့အပြီး ၂၀၁၃ ခုနှစ်မှာ အနားယူ ရာမှာတော့ တနိုင်ငံတည်းသား ဖြစ်တဲ့ မိုယက်စ်ကို သူ့နေရာ ဆက်ခံဖို့ ထောက်ခံ ခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ မော်ရင်ဟိုက ချဲလ်ဆီး၊ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်၊ ဂျာဂင်ကလော့က ဒေါ့မွန်နဲ့ လူးဝစ်ဗန်ဂေါက ဟောလန်အသင်းကို နည်းပြလုပ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အနားမယူခင်မှာ ဘာစီလိုနာနည်းပြ ပက်ဂွာဒီယိုလာနဲ့ ညစာအတူစားပြီး ရှေ့ဆက် ဘာတွေလုပ်မယ်ဆိုတာကို ပြောပြဖို့၊ ဖုန်းဆက်ဖို့ ပြောဆိုခဲ့သေးတယ်လို့ ဖာဂူဆန်က ပြောပါတယ်။
ဒါပေမယ့် တစုံတရာ အကြောင်းပြန်ကြားချက်မရဘဲ ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်ကို ပြောင်းသွားတယ်လို့ သူက ပြောပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115045

No comments:
Post a Comment