
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
အာရှ ယူ ၁၉ ခြေစစ် ပွဲမှာ မြန်မာ ယူ ၁၉ အသင်း အနေနဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည် နေပြီး အာရှ ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းများ အရ နောက်တဆင့် တက်ရောက် လိုပါက နောက်ဆုံး ပွဲစဉ်မှာ ဗီယက်နမ် အသင်းကို အနိုင် ကစားရမှာ ဖြစ်ပါတယ်။
လက်ရှိ အုပ်စု(ဆ)အတွင်း ဗီယက်နမ်က သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမ၊ မြန်မာအသင်းက သုံးပွဲကစား နှစ်ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ရမှတ် ၇ မှတ်ရရှိကာ အုပ်စု ဒုတိယနေရာမှာ အသီးသီး ရပ်တည် နေပါတယ်။
အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းများအရ အကောင်းဆုံး အုပ်စုဒုတိယအသင်းကို ရွေးချယ် ဆုံးဖြတ်ရာမှာ အသင်း ၅ သင်း ပါဝင်မယ့် အုပ်စုမှ အသင်းများအနေနဲ့ အုပ်စု အောက်ဆုံး အသင်းနှင့် တွေ့ဆုံမှု ရလဒ်ကို ပယ်ဖျက်ခြင်း ခံရမှာဖြစ်ပြီး မြန်မာ အသင်းအနေနဲ့ ဘရူနိုင်းနဲ့ ပွဲရလဒ်ကို ပယ်ဖျက်ထားပါက ရမှတ် ၄ မှတ်သာ ရရှိသေးပါတယ်။
ဗီယက်နမ်နှင့်ပွဲ၌ သရေ ၁ မှတ် ရရှိခဲ့ပါက အကောင်းဆုံးအုပ်စု ဒုတိယအနေနဲ့ တက်ရောက်ဖို့ အခွင့်အရေး မရှိဘဲ ခြေစစ်ပွဲ အောင်မြင်လိုပါက ဗီယက်နမ်ကို အနိုင်ကစားရမှာ ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115050





No comments:
Post a Comment