
အာရှ ယူ ၁၉ ခြေစစ်ပွဲမှာ မြန်မာ ယူ ၁၉ အသင်းက ဗီယက်နမ် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားပါတယ်။
ဗီယက်နမ် အသင်း အတွက် အနိုင်ဂိုးကို ပွဲချိန် ၁၉ မိနစ်မှာ သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ် အသင်းဟာ မြန်မာ အသင်းထက် ကစားပုံ ပိုမိုကောင်းမွန် ခဲ့ပြီး အနိုင်ရရှိ သွားတာ ဖြစ်ပါတယ်။




မြန်မာ အသင်းက အုပ်စု ဒုတိယ နေရာမှာ ရပ်တည်နေပြီး အာရှ ဘောလုံး အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း အရ နောက်တဆင့် တက်ရောက်ဖို့ နောက်ဆုံး ပွဲစဉ်မှာ ဗီယက်နမ် အသင်းကို အနိုင်ကစား ရမှာ ဖြစ်ပေမယ့် ရှုံးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အုပ်စု(ဆ) အတွင်း ဗီယက်နမ်က ၄ ပွဲကစား ၄ ပွဲနိုင် ၁၂ မှတ်နဲ့ အုပ်စု ပထမ၊ မြန်မာအသင်းက ၄ ပွဲကစား ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ ရမှတ် ၇ မှတ် ရရှိကာ အုပ်စု ဒုတိယ နေရာမှာ အသီးသီး ရပ်တည် နေပါတယ်။
မြန်မာအသင်းက ဟောင်ကောင်၊ ဘရှုးနိုင်း အသင်း တွေကို အနိုင်ရရှိ ခဲ့သလို တီမော အသင်းနဲ့ သရေကျ ထားပါတယ်။
ဓာတ်ပုံ – မြန်မာဘောလုံးအဖွဲ့ချုပ်
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115172

No comments:
Post a Comment