မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

လီဗားဗူး ၁ – ၁ ဆောက်သမ်တန် (ရုပ်သံဟိုက်လိုက်)




လီဗာပူး အသင်းဟာ နည်းပြသစ် ဂျာကန် ကလော့ဟာ ဒုတိယမြောက် ပွဲစဉ်မှာလည်း နိုင်ပွဲ မရဘဲ သရေ ရလဒ်နဲ့ အဆုံးသတ် သွားပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့က ပရီးမီးယား လိဂ်ပွဲစဉ်မှာ လီဗာပူး အသင်းဟာ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၇၇ မိနစ်မှာ တိုက်စစ်မှူး ဘန်တီကီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ မာနီက ဆောက်သမ်တန် အတွက် ချေပဂိုး သွင်းယူပါတယ်။

လီဗာပူးဟာ နည်းပြသစ် လက်ထက်မှာ ကစားပုံ ပိုကောင်း လာခဲ့ပါတယ်။ ဒီပွဲမှာလည်း ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းက ချေပဂိုး သွင်းယူပြီး နာကျင် အချိန်ပို မိနစ်မှာ မာနီ ဖျက်တာကြမ်းလို့ အထုတ်ခံလိုက်ရပေမယ့် ၁ ဂိုးစီသရေနဲ့ အဆုံးသတ် သွားပါတယ်။ ဒီပွဲသရေကျလို့ ဆောက်သမ်တန်က ၁၄ မှတ်နဲ့ အဆင့် ၈ မှာ ရှိနေပြီး လီဗာပူးကလည်း ၁၄ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118508

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment