မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

အာဆီယံ ဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း ဗီယက်နမ်ကို ရှုံး



ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

အာဆီယံ ဖူဆယ်ပြိုင်ပွဲ တတိယမြောက် ပွဲစဉ်မှာ မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းဟာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ် တက်ရေး မျှော်လင့်ချက်တွေ ကုန်ဆုံး သွားပါတယ်။

အခုပွဲစဉ်ကို ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ယှဉ်ပြိုင်သွားတာပါ။

မြန်မာဖူဆယ်အသင်းဟာ ပထမပိုင်းမှာ ဗီယက်နမ်အသင်းကို အပြန်အလှန် ယှဉ်ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေကိုတော့ အသုံးမချနိုင်ခဲ့ပါဘူး။

ဒီပွဲနိုင်မှ ဆီမီးတက်နိုင်မှာဖြစ်လို့ ကြိုးစား ယှဉ်ပြိုင်သွားပေမယ့် ဘောလုံးပေးပို့မှု အမှားအယွင်းများတာ၊ ဂိုးသွင်း မသေချာတာတွေကြောင့် အရှုံးပေးလိုက်ရတာပါ။

ဒီပွဲနိုင်တဲ့ ဗီယက်နမ်အသင်းက လက်ကျန် ၁ ပွဲ ကျန်ပေမယ့်လည်း အုပ်စုတွင်းမှာ ၉ မှတ်ရပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။

မြန်မာကတော့ ၃ မှတ်ပဲရပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116101


No comments:

Post a Comment