
ဘိုင်ယန်မြူးနစ် နည်းပြ Pep Guardiola ဟာ မန်စီးတီး အသင်းနဲ့ လောလော ဆယ်မှာ ဘာသဘော တူညီမှုမှ မပြုလုပ် ရသေး ပါဘူးလို့ ပြောလိုက် တာပါ။ သူဟာ လာမယ့် နွေရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အင်္ဂလန် ထိပ်သီး မန်စီးတီးက သူတို့ အသင်းမှာ လာရောက် ကိုင်တွယ် စေချင်နေ တာ ဖြစ်ပါတယ်။
Guardiola ဟာ ယခု လောလောဆယ် မှာတော့ ဘိုင်ယန်မြူးနစ် အသင်း အတွက်ပဲ အာရုံစိုက် ထားပြီး ဘာကိုမှ မဆုံးဖြတ် ရသေးဘူးလို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကတော့ Guardiola ကို အသင်းမှာပဲ ဆက်ရှိနေစေလိုပြီး အသင်းနဲ့ အသင့်တော်ဆုံး နည်းပြ တစ်ယောက်ကို လွယ်လွယ်နဲ့တော့ လက်လွတ် ခံမယ်လို့တော့ မထင်ပါဘူး။ ဘိုင်ယန်မြူါ်နစ် အသင်း ဥက္ကဌ Rummenigge ကလည်း အသင်းကို အကောင်းဆုံး ကိုင်တွယ်ပေးနေတဲ့ နည်းပြကို စာချုပ် သက်တမ်း ထပ်တိုးဖို့သာ ကြိုးစား သွားမယ်လို့ ဆိုပါတယ်။
နည်းပြ Guardiola ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က လုပ်ဖော် ကိုင်ဖက်ဟောင်း တွေဖြစ်တဲ့ Soriano နဲ့ Begiristain တို့ဟာ မန်စီးတီး အသင်းမှာ အမှုဆောင် ချုပ်နဲ့ နည်းစနစ် ဒါရိုက်တာတွေ ဖြစ်နေတာကြောင့် လုပ်ဖော် ကိုင်ဖက်ဟောင်းတွေ ရှိတဲ့ မန်စီးတီး အသင်းကို ကိုင်တွယ် လိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေ ကြတာပါ။
အခုဆိုရင် ပရီးမီးယားလိဂ်မှာ နာမည်ကြီး နည်းပြတွေ ဖြစ်တဲ့ Mourinho , Arsene Wenger နဲ့ လီဗာပူးလ် အသင်းရဲ့ နည်းပြသစ် Klopp တို့ ရှိနေပါပြီ။
Guardiola ကိုယ်တိုင်ကလည်း အကျော်အမော် နည်းပြတွေ စုစည်းနေတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင် ချင်နေ တယ်လို့ ပြောခဲ့ ဖူးပါတယ်။ မန်စီးတီး ကတော့ လက်ရှိ နည်းပြ Pelligrini နဲ့ ၂၀၁၇ သြဂုတ်လမှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာပါ။
မန်စီးတီး အသင်းရဲ့ ပိုင်ရှင် ရှိတ်မန်ဆာ ကလည်း ဘာစီလိုနာရဲ့ အောင်မြင်မှု တွေကို အားကျနေပြီး လာမာစီယာ လူငယ် အကယ်ဒမီလို အရည် အသွေးမြင့် လူငယ် အကယ်ဒမီ တစ်ခုကိုလည်း သန်းပေါင်း ရာချီ အကုန် အကျခံ တည်ဆောက် ထားပြီးပါပြီ။ ဒါ့အပြင် ဘာစီလိုနာ နည်းပြ အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တဲ့ Soriano နဲ့ Begiristain တို့ကိုလည်း
ခေါ်ယူပြီး အသင်းကို ဘာစီလိုနာ အသွင်ရောက်အောင် အကောင်းဆုံး ထောက်ပံ့ပေး ထားပြီးပါပြီ။
ဒါကြောင့် ပုံကြမ်းဖော်ပြီးနေတဲ့ သိမ်းငှက်ပြာပန်းပု ရုပ်ကို ရုပ်လုံးကြွအောင် အချောသတ် ပေးမယ့် နည်းပြ Guardiola သာ ရောက်လာဖို့ လိုအပ် ပါတော့တယ်။
Original link - http://sports.thithtoolwin.com/2015/10/guardoila.html

No comments:
Post a Comment