ရှမ်းယူနိုက်တက်အမည်ပြောင်းမည့် ကမ္ဘောဇအက်ဖ်စီဘောလုံးအသင်း
နိုဝင်ဘာ ၁၂၊ ရန်ကုန်။။
ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ကမ္ဘောဇအက်ဖ်စီအသင်းကို ၂၀၁၆ ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်းအဖြစ် အမည် ပြောင်း၍ အများပိုင် အသင်းအဖြစ် ပြုလုပ်ရန် စီစဉ်ထားသည် ဟု ကမ္ဘောဇအသင်း အမှုဆောင်အရာရှိချုပ် ဦးဝင်းမြင့်ဦးက ပြောသည်။
ကမ္ဘောဇအသင်းသည် ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်မှစပြီး ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ အိမ်ကွင်းအဖြစ် ပရိသတ် ခုနစ်ထောင်ဆန့်တောင်ကြီး အားကစားကွင်းကို အသုံးပြုလျက်ရှိသည်။
“ ကျွန်တော်တို့ လာမယ့်နှစ်မှာ အသင်းကို နာမည်ပြောင်းဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့အသင်းက ရှမ်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့သဘောနဲ့ ရှမ်းယူနိုက်တက် လို့ ပြောင်းဖို့ စီစဉ်ထား ပါတယ်။ နာမည်ပြောင်းဖို့ကိုတော့ အဖွဲ့ချုပ်ကို စာတင်ပြီး လျောက်ထားမှု ပြုလုပ်သွားမှာပါ။ လာမယ့်နှစ်မှာ အသင်းကို တစ်ဦးတည်းအပိုင်ကနေ အများပိုင်ပြောင်းဖို့လည်း စီစဉ်ထားပါတယ်။
ရှမ်းပြည်နယ်က လုပ်ငန်းရှင်တွေနဲ့ အသင်းပိုတိုးတက်အောင် ဆောင်ရွက်သွားမှာပါ။ နောက်နှစ်ကိုတော့ အသင်းကို သေချာပြင်ဆင်သွားမှာပါ ” ဟု ဦးဝင်းမြင့်ဦးက ပြောသည်။
ကမ္ဘောဇအသင်းသည် အသင်းသမိုင်းတလျှောက်တွင် အအောင်မြင်ဆုံးအဖြစ် ၂၀၁၃ တွင် ရှုံးထွက်ဖလားချန်ပီယံဆု ရရှိဖူးခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်မူ ချန်ပီယံဆု တစ်ကြိမ်မှ ရရှိခဲ့ဖူးခြင်း မရှိသေးပေ။
မဇ္ဈိမ မာလ်တီမီဒီယာ by mizzima
Original link - http://mizzimaburmese.com/article/7327
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment