မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 12, 2015

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာ ဂိုးပြတ်ရှုံး (ရုပ်သံဟိုက်လိုက်)




၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် နိုဝင်ဘာ ၁၂ ရက်နေ့က တောင်ကိုရီးယား လက်ရွေးစင် အသင်နဲ့ မြန်မာ လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင် ကစားရာ တောင်ကိုရီးယားက အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။

တောင်ကိုရီးယား အတွက် ဂိုးတွေကို ပထမပိုင်း ၁၈ မိနစ်မှာ Jae-Sung Lee၊ မိနစ် ၃၀ မှာ Ja-Cheol Koo၊ ၈၂ မိနစ်မှာ Hyun-Soo Jang နဲ့ ၈၆ မိနစ်မှာ Tae-Hee Nam တို့က အသီးသီး သွင်းယူ သွားပါတယ်။

မြန်မာ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် အုပ်စု ဂျီမှာ ၆ ပွဲကစား ထားပြီး တပွဲနိုင်၊ တပွဲသရေ လေးပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်း စတုတ္ထနေရာမှာ ရပ်တည်နေပြီး တောင်ကိုရီးယား ကတော့ ၅ ပွဲကစား၊ ၅ ပွဲနိုင် ရမှတ် ၁၅ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေ ပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/122231

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment