မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

၂၀၁၆ ဘောလုံး ရာသီကုန်တွင် ကစားသမား ဘ၀မှ အနားယူမည် ဟု ခင်မောင်လွင် ဆို



၂၀၁၅ လိဂ်ချန်ပီယံဆုနှင့်အတူ ခင်မောင်လွင်အား တွေ့ရစဉ် (ဓာတ်ပုံ-YUFC)

နိုဝင်ဘာ ၅၊ ရန်ကုန်။ ။

ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင် ခင်မောင်လွင်သည် လာမည့် ၂၀၁၆ ဘောလုံးရာသီကုန်တွင် ကစားသမားဘ၀မှ အနားယူမည် ဟု ပြောသည်။

ခင်မောင်လွင်သည် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်၌ ကမ္ဘောဇအသင်းတွင်စကစားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ရန်ကုန်အသင်းသို့ ပြောင်းရွေ့လာခဲ့ကာ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြ ကစားနိုင်သလို မြန်မာ့လက်ရွေးစင်အသင်း၌လည်း ပွဲပေါင်း ၆၂ ပွဲအထိ ကစားထားသည့် ကစားသမားတစ်ဦး ဖြစ်သည်။

“ ကျွန်တော် လက်ရွေးစင်အသင်းမှာတော့ အရင် မိုဗစ် ရွေးကတည်းက နှစ်ပွဲပဲကစားဖို့ ပြောထားတဲ့အတွက် နားဖြစ်တာပါ။ ကျွန်တော်အနေနဲ့တော့ အသက်အရွယ်အရလည်း နားသင့်တဲ့ အရွယ်ရောက်ပြီ လို့ ထင်ပါတယ်။ အခြား လူငယ်ကစားသမားလေးတွေကိုလည်း နေရာပေးချင်တာ ပါပါတယ်။ ရန်ကုန်အသင်းမှာလည်း ကျွန်တော် လာမယ့် ၂၀၁၆ တစ်နှစ်လောက်ပဲ ကစားတော့မှာပါ။ ပြီးရင် နည်းပြလိုင်းဘက် ပြောင်းဖို့လည်း ကြိုးစားသွားမှာပါ။ နောက်နှစ်ပြီးရင် ကစားသမားဘ၀က နားဖို့ ဆုံးဖြတ်ဖြစ်တာပါ ” ဟု ခင်မောင်လွင်က သူ၏အနာဂတ်နှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် အသင်းခေါင်းဆောင် ခင်မောင်လွင် အပါအ၀င် နောက်တန်း၌ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်း၊ လတ်ကိုကိုအေး တို့ ကစားလျက်ရှိပြီး သီဟထက်အောင်၊ နန်းဝေမင်း အစရှိသည့် လူငယ်ကစားသမားများလည်း ပါဝင်ကစားလျက်ရှိသည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/6994

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment