စပိန် ဘုရင့်ဖလား ကနေ ထုတ်ပယ် ခံထားရတဲ့ ရီးရဲလ် မက်ဒရစ် အသင်းဟာ အယူခံ ဝင်ခဲ့ပေမယ့် စပိန် တရားရုံးက ထပ်မံ ပယ်ချ လိုက်ပါတယ်။
စပိန်ဘုရင့်ဖလားကို ၁၉ ကြိမ်ထိ ရရှိထားတဲ့ ရီးရဲလ် အသင်းဟာ ဒီဇင်ဘာ ၂ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၃၂ သင်း အဆင့် ရှုံးထွက်ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ် ခံထားရတဲ့ တောင်ပံလူ ချယ်ရီရှက်ဗ်ကို ထည့်သွင်း ကစားခဲ့ တာကြောင့် ပြိုင်ပွဲက ထုတ်ပယ် ခံထားရတာ ဖြစ်ပါတယ်။
လက်ရှိ စပိန်လာလီဂါ အမှတ်ပေး ဇယားမှာတော့ ရီးရဲလ် အသင်းဟာ ဘာစီလိုနာ၊ အက်သလက်တီကို တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေ ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/128965
No comments:
Post a Comment