
စနေနေ့တွင် ယှဉ်ပြိုင် မည့် မက်ဒရစ် ဒါဘီပွဲ အတွက် ရီးရဲလ်၌ ပါဝင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း နောက်ခံလူ ရာမို့စ်နှင့် ကွင်းလယ် တိုက်စစ်မှူး မိုဒရစ် တို့က ပြောကြားသည်။
အက်သလက် တီကိုတိုက် စစ်မှူး ဂရစ်ဇ်မန်းသည် ပြင်သစ် အတွက် ပါဝင် ကစားရင်း ဘယ် ခြေထောက် ဒဏ်ရာ ရရှိခဲ့သော် လည်း အရိုး ထိခိုက်ခြင်း မရှိဟု ပြင်သစ်
ဘောလုံး အဖွဲ့ချုပ်က အတည်ပြု ထားသဖြင့် ဒါဘီပွဲတွင် ၎င်းပါဝင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့် ရမည် ဖြစ်သည်။
ရီးရဲလ် အသင်းခေါင်း ဆောင် ရာမို့စ်သည် လွန်ခဲ့သော တစ်လက စပိန်အတွက် ကစား ရင်း ဒူးဒဏ်ရာ ရရှိခဲ့ပြီး ယခု အခါ ကြံ့ခိုင်မှု ပြည့်ဝနေကာ နည်းပြ ဇီဒန်း အတွက် ပါဝင် ကစားရန် အသင့်ဖြစ်နေ ပြီဖြစ်သည်။
ထိုအတော အတွင်း ပြီးခဲ့ သည့် လက ဒူးဒဏ်ရာ အတွက် ခွဲ စိတ်မှု ခံယူခဲ့ ရသော ကွင်းလယ် လူ မိုဒရစ်သည် တနင်္ဂနွေနေ့က မက်ဒရစ်မြို့သို့ ပြန်ရောက်လာ ပြီး အက်သလက် တီကိုနှင့်ပွဲတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေ သည်။
‘‘ကျွန်တော် အခြေအနေ ကောင်းပါတယ်။ ဒါဘီပွဲ အတွက် အဆင်သင့်ပါပဲ’’ဟု မိုဒရစ်က ပြောကြားသည်။
ရီးရဲလ်သည် ၁၁ ပွဲမှ ၂၇ မှတ်ရပြီး လာလီဂါကို ဦးဆောင် ထားစဉ် အက်သလက်တီကိုက ၂၁ မှတ်ဖြင့် နံပါတ် (၄)နေရာ၌ ရှိနေသည်။
—Ref:AS/MARCA
From : 7 day daily
Originally published at - http://www.7daydaily.com/story/80901

No comments:
Post a Comment