
အက်စတိုး နီးယားကို ၈-၁ ဂိုးဖြင့် နိုင်သော ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွင် ဒဏ်ရာ ရခဲ့သော ချယ်လ်ဆီး ကြယ်ပွင့် ဟာဇက် အနားယူ ရမည့် အချိန်ကို မသိရ သေးဘဲ ကျန်တိုက်စစ်မှူး တစ်ဦးဖြစ်သော ကော်စတာ သည်လည်း ကြံ့ခိုင်မှု ပြည့်ဝရန် ရုန်းကန်နေ ရသဖြင့် ချယ်လ်ဆီး နည်း ပြ ကွန်တီ အတွက် အခက်ကြုံ ရဖွယ် ရှိသည်။
အဲဗာတန်သို့ ပြောင်းရွှေ့နိုင်ခြေကို ပယ်ချ မထားဟု မန်ယူမှ ဒီပေး က ပြောကြား သော်လည်း လက်ရှိ မန်ယူ၌ ကစားသမား ဘ၀အပေါ်သာ အာရုံ စိုက်ထား သည်ဟု ပြောကြားသည်။
အဲဗာတန်နည်းပြ ရော်နယ် ကိုးမန်းက ၎င်းကို ခေါ်ယူ လိုသည်ဟု ၀န်ခံသည်။
ဂျမေကာ အပြေး ချန်ပီယံ ဟူစိန်ဘော့သည် ဒေါ့မွန်အသင်းသား များနှင့် အတူ လေ့ကျင့်ခန်း ဆင်းမည်ဟု ဒေါ့မွန် အသင်း အမှုဆောင် အရာရှိချုပ် ဟန်းစ်ဂျို အာချင်းဝေါ့ဇ်ကီးက ပြောသည်။
အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်သည် ဒဏ်ရာ သက်သာပြီးချီလီ အသင်းနှင့် အတူ လေ့ကျင့်ခန်း ဆင်းနေပြီဖြစ်ကာ ဥရုဂွေးနှင့် ပွဲ ၌ ပါဝင်နိုင်ခြေရှိသည်။
ပြိုင်ဘက်၏ ဘောင်းဘီကို ဆွဲချွတ် မိသလိုဖြစ် ခဲ့ခြင်းကြောင့် ထုတ် ပယ် ခံရသည့် ဘော့စနီးယား တိုက်စစ်မှူး ဒီဇီကိုက မိမိသည် သက်သက်မဲ့ အထုတ်ခံ ရခြင်းဖြစ်သည်ဟု ပြောသည်။
From : 7 day daily
Originally published at - http://www.7daydaily.com/story/80902

No comments:
Post a Comment