မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 15, 2016

နောက်တန်း အမှားကြောင့် မြန်မာအသင်း အိုမန်ကို ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်




နောက်တန်း အမှား တွေကြောင့် ဂိုးပြတ် ရှုံးနိမ့် ခဲ့တာ ဖြစ်တယ်လို့ မြန်မာ နည်းပြ ဂတ်ဇီဆီက အိုမန် အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့် အပြီးမှာ ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက် ညနေက ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခြေစမ်း ပွဲမှာ မြန်မာ အသင်းအနေနဲ့ ဂိုးရနိုင်တဲ့ အခွင့် အရေးတွေ အိုမန် အသင်းထက် ပိုရ ခဲ့ပေမယ့် အဆုံးသတ် မကောင်းခဲ့လို့ ဂိုးပြန် မရခဲ့တာ ဖြစ်တယ်လို့ နည်းပြ ဂတ်က ဆိုပါတယ်။

မြန်မာအသင်း တိုက်စစ်က ဂိုးရဖို့ ရုန်းကန်နေ ရပေမယ့် ကစား သမားဟောင်း ကျော်ကိုကို ကို ပြန်ရွေးတော့မှာ မဟုတ်ဘူး လို့လည်း မြန်မာ နည်းပြက ပြောပါတယ်။

မြန်မာ့ လက်ရွေးစင် အသင်းဟာ လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ ဆူဇူကီး ဖလား အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။

ဆူဇူကီး ဖလားမှာ အုပ်စုတက် မတက် မပြောလို ပေမယ့် ပွဲတိုင်းကို အကောင်းဆုံး ကစားနိုင် မယ်လို့ ယုံကြည်ကြောင်း မြန်မာနည်းပြ ဂတ်က ပြောပါတယ်။

မြန်မာ အသင်းမှာ လူငယ်တွေ များနေ တာကြောင့် အတွေ့ အကြုံပိုင်း အားနည်းတဲ့ အပြင် ပြိုင်ပွဲ ဖိအား ကိုလည်း ရင်ဆိုင်နိုင်ဖို့ မလွယ် တာကြောင့် ဆူဇူကီး ဖလားမှာ အများကြီး မျှော်လင့် ထားလို့ မရဘူးလို့ မြန်မာ အားကစား ကလောင်ရှင် တွေက သုံးသပ် ကြပါတယ်။

သတင်း၊ ဓာတ်ပုံ – လွှမ်းမိုးအောင်

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/176097

No comments:

Post a Comment