ဓာတ်ပုံ - rt.ie
အာဆင်နယ် ကွင်းလယ် ကစားသမား ကာဇိုလာဟာ ဒဏ်ရာကြောင့် ၃ လလောက် ဘောလုံး ကစားနိုင်မှာ မဟုတ် တော့ဘူးလို့ ဗြိတိသျှ မီဒီယာဖြစ်တဲ့ မေရာ သတင်းမှာ ရေးသား ထားပါတယ်။
စပိန် ကွင်းလယ်လူ ကာဇိုလာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နောဝစ်ခ်ျ အသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲမှာ ဒူးဒဏ်ရာ ရခဲ့တာပါ။
အသက် ၃၀ အရွယ် ကွင်းလယ် ကစားသမားဟာ ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာကို ရရှိ ခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရ ကစားသမားတဦး ထပ်တိုးလာလို့ အာဆင်နယ်အတွက်တော့ သတင်းဆိုးတခု ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာကြောင့် ကာဇိုလာဟာ လာမယ့်နှစ် အစပိုင်းအထိ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
နော်ဝေစ်ခ်ျအသင်းနဲ့ ကစားတဲ့ပွဲမှာ ကာဇိုလာအပြင် တိုက်စစ်မှူး ဆန်းချက်ဇ်လည်း ဒဏ်ရာရခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဆန်းချက်ဇ်လည်း ဒဏ်ရာကြောင့် တပတ်လောက်တော့ အနားယူရဖွယ် ရှိနေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/125504
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments:
Post a Comment