မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 3, 2015

နောက်ခံလူ ဂါရီ ကာဟေးကို ချဲလ်ဆီး ၄ နှစ် သက်တမ်းတိုး



ဓာတ်ပုံ - ရိုက်တာ

ချဲလ်ဆီးအသင်းက နောက်တန်း ကစားသမား ဂါရီ ကာဟေးကို ၄ နှစ် စာချုပ် သက်တမ်း ထပ်တိုး လိုက်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကာဟေးရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ဒီနှစ် ဘောလုံးရာသီ အဆုံးမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒီအသင်းမှာ အောင်မြင်မှုတွေ အများကြီး ရခဲ့သလို ဆက်လက် သင်ယူ စရာတွေနဲ့ လာမယ့်နှစ် တွေမှာ ဆုဖလားတွေ ရယူပေးနိုင်ဖို့ မျှော်လင့် ထားတယ်လို့ အင်္ဂလန် နောက်တန်း ကစားသမားက ပြောပါတယ်။

ဗဟိုနောက်ခံလူဖြစ်တဲ့ ကာဟေးဟာ ၂၀၁၂ မှာ ဘော်လ်တန် အသင်းက ချဲလ်ဆီးကို ရောက်ရှိ လာပြီး ပွဲပေါင်း ၁၇၇ ပွဲ ကစားပေး ထားပါတယ်။

ဒီနှစ်ရာသီမှာ ချဲလ်ဆီး အတွက် ၁၀ ပွဲ ကစားပေး ထားပြီး သူဟာ အသင်းနဲ့ အတူ လိဂ်ဖလား၊ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရယူ ထားပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/125253

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment