မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 3, 2015

စပိန် ကိုပါဒယ်ရေဖလား ဘာစီလိုနာ ၆-၁ ဗယ်လာနိုဗန်ဆီ (ရုပ်သံဟိုက်လိုက်)




စပိန် ကိုပါဒယ်ရေ ဖလားပြိုင်ပွဲမှာ ဘာစီလိုနာက ဗယ်လာနိုဗန်ဆီကို ၆ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ် သားသား အနိုင်ရ သွားပါတယ်။

ဘာစီလိုနာဟာ အိမ်ကွင်းမှာ ဒုတိယ ကလပ်ဖြစ်တဲ့ ဗယ်လာနိုဗန်ဆီကို ဘောလုံး ပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူပြီး ယှဉ်ပြိုင် သွားပါတယ်။ ထိုးဖောက် ကန်သွင်းခွင့်မှာလည်း ၂၅ ကြိမ်အထိ ရခဲ့ပါတယ်။

ဗယ်လာနိုဗန်ဆီ အသင်းဟာ ဘာစီလိုနာကို အစစ အရာရာ မယှဉ်နိုင်ဖြစ်ခဲ့လို့ ဂိုးပြတ်နဲ့ အရှုံးပေး လိုက်ရပါတယ်။

ဘာကာအတွက် ဦးဆောင်ဂိုးကို ၄ မိနစ်မှာ နောက်တန်းသမား အဲဗက်စ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဘာကာတိုက်စစ်မှူး ရာမီရက်စ် ၃ ဂိုးသွင်းယူပြီး ဟက်ထရစ် ရသွားပါတယ်။

ဗယ်လာနိုဗန်ဆီအတွက် တလုံးတည်းသော ချေပဂိုးကို ၂၉ မိနစ်မှာ သွင်းယူပါတယ်။

ဘာစီလိုနာအတွက် နောက် ၂ ဂိုးကိုတော့ ဟတ်ဒါဒီက သွင်းယူပြီး ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ဘာစီလိုနာက အဓိက ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ၊ ဆွာရက်နဲ့ နေမာတို့ကို အနားပေးပြီး ယှဉ်ပြိုင်သွားပါတယ်။ ဒီပွဲနိုင်တဲ့ ဘာစီလိုနာက ကိုပါဒယ်ရေပြိုင်ပွဲမှာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/125225

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment